ကြာသပတေးနေ့၊ 02 စက်တင်ဘာလ 2010 ခုနှစ် 10 နာရီ 06 မိနစ်
လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) မှ၎င်း၏အစီအရင်ခံစာ အသစ်ဖြစ်သော “မြန်မာနိုင်ငံရှိ အတင်းအကျပ်နှင့် အကျင့်ပျက်ခြစားနေသော အခွန်ကောက်ယူမှုစနစ်၏ မမြင်သာသည့် ဆိုးကျိုးသက်ရောက်မှုများ”ဟု အမည်ပေးထားသည့် အစီရင်ခံစာကို စတင်ထုတ်ဝေရန် သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဖြစ်ပါသည်။ အဲန်ဒီ-ဘားမား၏ တိကျသော သုတေသနပြုမှုနှင့် မှတ်တမ်းတင်မှုများသည် စစ်အစိုးရမှဖုံးကွယ်ထားသော အကျင့်ပျက်ခြစား၊ ရိုင်းစိုင်းရက်စက်သော အခွန်ကောက်ခံမှုစနစ်နှင့် အကျိုးသက်ရောက်မှုအဖြစ် မြန်မာပြည်သူလူထုခံစားရသည့် ဆိုးကျိုးများကို ဖော်ထုတ်လိုက်ပါသည်။ ယင်းအစီရင်ခံစာသည် စစ်အာဏာရှင်မှ အခွန်ကောက်ခံမှုကို ဖိနှိပ်သည့်လက်နက်သဖွယ် အသုံးပြုနေပုံကို ရှင်းလင်းမြင်သာအောင် ပြလိုက်ပါသည်။
လူ့အခွင့်ရေးဆိုင်ရာများကို မှတ်တမ်းပြုနေသော အဖွဲ့အစည်း (၁၃) ဖွဲ့ပါသော အဖွဲ့အစည်းဖြစ်သည့် အဲန်ဒီ- ဘားမား၏ အစီရင်ခံစာသည် စစ်အစိုးရမှ ယင်းကဲ့သို့ ရက်စက်စွာ အခွန်ကောက်ခံမှု ကျူးလွန်ပုံကို နိုင်ငံတကာ လူ့အဖွဲ့အစည်းများသာမက မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားများတန်းတူညီမျှခွင့် ရရှိရန်အတွက် လုပ်ဆောင်နေသော အခြားအဖွဲ့အစည်းများလည်း သိရှိစေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်သူလူထုကိုကူညီပံ့ပိုးပေး၍ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ခြင်းထက် အခွန်ကောက်ခံခြင်းကို ပိုမိုလုပ်ဆောင်နေဆဲဖြစ်ပြီး ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများဖြစ်သော သင့်တော်သော လူနေမှု အဆင့်အတန်း၊ အိမ်ယာပိုင်ဆိုင်ရေး၊ သင့်တော်သောပညာရေး ရရှိရန်အခွင့်အရေး နှင့် အတင်းအကျပ်ဖိအားပေး၍ လုပ်အားပေးခိုင်းစေမှုမှ လွတ်ငြိမ်းခွင့်ရရှိရန် အခွင့်အရေးများသည်လည်း စနစ်တကျ ချိုးဖောက်ခြင်းခံနေရပါသည်။
မြန်မာပြည်သူလူထုအများစုသည် အဆုံးစွန်သောဆင်းရဲမွဲတေမှုအတွင်းတွင် နေထိုင်နေရစဉ် စစ်အစိုးရနှင့်၎င်း၏အပေါင်းအပါ များသည် ရရှိသောအခွန်ငွေအား ကျန်းမာရေးနှင့် လူမှုဆိုင်ရာကဏ္ဍများ အတွက် မသုံးမဖြစ်ရုံသာအသုံးပြုကာ စစ်တပ်အတွက်တိုင်းပြည်၏ ဘတ်ဂျတ် ၅၀ဏ ကျော်ကိုအသုံးပြု၍ ပြည်သူ့ဘဏ္ဍာအားအလွဲသုံးကာ အမြတ်အစွန်းများ ဆက်လက်ရရှိနေပါသည်။ အဲန်ဒီ- ဘားမား၏ သုတေသနပြုချက်မှ ပြည်သူလူထုသည် သူတို့၏ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် မတန်မရာ အခွန်အချိုးအဆကို တရားဝင်နည်းအရနှင့် တရားမဝင်နည်းအရပါ ခြိမ်းခြောက်ဖိအားပေးခံရ၍ အခွန်ငွေများဆောင်ရကာ ယခင်ကထက်ပိုမို ရုန်းကန်ကာ အသက်ရှင်ရပ်တည် နေရပါသည်။ မြန်မာနိုင်ငံ စီးပွားရေးအား စောင့်ကြည့်လေ့လာသူ သုတေသန ပညာရှင် ဒေါက်တာ အယ်လစ်ဆင် ဗီကာရီ နှင့် အဲန်ဒီ- ဘားမား၏ ဘုတ်အဖွဲ့ဝင်များဖြစ်သော ကိုဟန်ကြီးနှင့် မချယ်ရီတို့သည် အစီအရင်ခံစာသစ်တွင်ဖော်ပြထားသည့် တွေ့ရှိချက်များဖြစ်သည့် မြန်မာနိုင်ငံအတွင်း အတင်းအကျပ် မတရားအခွန်ကောက်ခံခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ခြိမ်းခြောက်ငွေညစ်ခံရခြင်းများနှင့် ပက်သတ်သည်တို့ကို အမေးအဖြေများပြုလုပ်၍ ယင်းအလွဲသုံးစားပြုလုပ်မှုများ၏ အင်မတန်ဆိုးဝါးသော အကျိုးဆက်များအကြောင်းကို ဆွေးနွေးမည်ဖြစ်ပါသည်။
| အကြောင်းအရာ | အတင်းအကျပ် အခွန်ကောက်ခံမှုနှင့်ပတ်သက်သည့် အစီရင်ခံစာကို လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) (အဲန်ဒီ- ဘားမား) မှ စတင်ထုတ်ဝခြေင်း။ |
| အချိန် | နံနက် (၁၀း၃၀)၊ ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ (၁) ရက်၊ ၂၀၁၀။ |
| နေရာ |
နိုင်ငံခြားသတင်းထောက်များကလပ် (ထိုင်းနိုင်ငံ) The Penthouse, Maneeya Center |
| ဆွေးနွေးမည့်သူများ | ကိုဟန်ကြီး - ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ အယ်လစ်ဆင် ဗီကာရီ - မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်ရေးအဖွဲ့မှ သုတေသနပညာရှင် မချယ်ရီ - စီမံခန့်ခွဲမှု့ ဘုတ်အဖွဲ့ဝင်။ |
|
အသေးစိတ်အချက်များ ထပ်မံသိလိုပါက ဆက်သွယ်ရန် |
အဲန်ဒီ-ဘားမားရုံး, office@nd-burma.org, +66 (0) 53 408 149 ညှိနှိုင်းဆောင်ရွက်ရေးမှူး - ကိုဟန်ကြီး, mghanpai@gmail.com, +66 (0) 8196 15 992 |
အခွန်မျိုးစုံကြားကမြန်မာပြည်သားတွေ
ဘီဘီစီ မြန်မာပိုင်း အပတ်စဉ် စီးပွားရေး သုံးသပ်ချက် ကဏ္ဍတွင် "အခွန်မျိုးစုံကြားက မြန်မာပြည်သားတွေ" ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) မှ ကိုဟန်ကြီးနှင့် ဉီးဟန်ထွန်း (အခွန်) တို့ ဆွေးနွေးချက် အား ပြန်လည် ဖော်ပြလိုက်ပါသည်။ အောက်တွင် နားဆင်နိုင်ပါသည်။
