သောကြာနေ့၊ 03 စက်တင်ဘာလ 2010 ခုနှစ် 04 နာရီ 37 မိနစ်
(မဇ္ဈိမ) မြန်မာ့အခွန်စနစ်သည် အလွန်ကြီးမားသော သူခိုးသူဝှက် ဂိုဏ်းကြီးဖြစ်နေပြီး မြန်မာစစ်အစိုးရသည် အခွန်နာမည်ခံကာ ငွေကြေး၊ မြေယာ၊ ပစ္စည်း၊ လုပ်အားတို့ကို လက်လွတ်စပယ် တောင်းယူနေသည်ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုက ယမန်နေ့ကထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဆိုသည်။
