စနေနေ့, ဖေဖေါ်ဝါရီလ 04, 2012
နောက်ဆုံးရေးသားချိန် - ဗုဒ္ဓဟူးနေ့, 25 ဇန္နဝါရီလ 2012 GMT +6:30

စစ်အစိုးရ၏ အကျင့်ပျက်ခြစား အခွန်ကောက်သည့် အစီရင်ခံစာ အဲန်ဒီ ဘားမား ထုတ်ပြန်

(ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ) - လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) အဲန်ဒီ ဘားမားမှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်၏ အခွန်ကောက်ခံမှုကို ဖိနှိပ်သည့်လက်နက်သဖွယ် အသုံးပြုနေကြောင်းကို မြင်သာအောင် “ဗိုက်မှောက်နေသည့်ဘဝများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာကို ယနေ့မှာ ထုတ်ပြန်လိုက်သည်။

“မြန်မာတနိုင်ငံလုံးမှာ စစ်အစိုးရကနေ တရားမဝင်အခွန်ရော တရားဝင်အခွန်ရော ဖိအားပေး ကောက်ခံနေတဲ့အတွက် ပြည်သူတွေ အတိဒုက္ခရောက်နေကြရတယ်” ဟု အဲန်ဒီ ဘားမား ဘုတ်အဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးတိတ်နိုင်က ပြောသည်။ ပြည်သူတို့၏ဝင်ငွေနှင့် ပိုင်ဆိုင်မှုအတွက် မတန်မရာ အခွန်အချိုးအဆကို တရားဝင်နည်းအရနှင့် တရားမဝင်နည်းအရပါ ခြိမ်းခြောက်ဖိအားပေးခံရ၍ ယခင်ကထက် ပိုမိုရုန်းကန်ကာ အသက်ရှင်ရပ်တည်နေရသည်။

“ဘယ်နိုင်ငံမှာမဆို အခွန်ဆောင်ရတာပဲလေ၊ ဒါပေမဲ့ မြန်မာစစ်အစိုးရကတော့ ဥပမာပေါ့နော် လမ်းသွား လမ်းလာ မြို့အဝင်ဂိတ်တွေကအစ အခွန်ဆောင်ရတယ်၊ ပြီးတော့ ပြည်သူတွေကို လုပ်အားပေး စေခိုင်းတာကအစ၊ လူတယောက်ရဲ့ လုပ်အားခကို မပေးဘဲ အဓမ္မစေခိုင်းတာလဲ တရားရာကျတာမဟုတ်ဘူး” ဟု ဦးတိတ်နိုင်က ပြောသည်။

စစ်အစိုးရမှ ရက်စက်စွာ အခွန်ကောက်ခံမှု ကျူးလွန်နေပုံကို နိုင်တကာ လူ့အဖွဲ့အစည်းများသာမက မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားများတန်းတူညီမျှခွင့် ရရှိရန်အတွက် လုပ်ဆောင်နေသော အခြားအဖွဲ့အစည်းများလည်း သိရှိစေလိုသည့် ရွည်ရွယ်ချက်ဖြင့် အဲန်ဒီ ဘားမားမှ ယင်းအစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။

“ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြင့် မြန်မာပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်၊ အခွန်တွေကို မတရားဆောင်နေရတယ်ဆိုတာကို သိလာမယ်၊ ပြည်သူတွေက ဒီလိုမျိုး အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်ဆိုတာ မသိကြဘူး ဒီအစီရင်ခံကို ထုတ်ပြန်လိုက်ခြင်းအားဖြင့် ပြည်သူတွေ သိလာမယ်၊ အဲဒီအတွက် ဒီအစီရင်ခံစာက ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုတွေ ရှိလာမှာပေါ့” ဟု ဦးတိတ်နိုင်က ဆက်ရှင်းပြသည်။

မြန်မာစစ်အစိုးရအပေါ်မှာလည်း ယခုလို ပြည်သူတွေအပေါ် မတရားအခွန်ကောက်ခံနခြေင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးပါရန်လည်း စစ်အစိုးရကို တောင်းဆိုထားသည်။

မြန်မာပြည်သူများ အခြေခံလူ့အခွင့်အရေးများဖြစ်သည့် သင့်တော်သော လူနေမှုအဆင့်အတန်း၊ အိမ်ယာပိုင်ဆိုင်ရေး၊ သင့်တော်သောပညာရေး ရရှိရန်အခွင့်အရေးနှင့် အတင်းအကျပ်ဖိအားပေး၍ လုပ်အားပေးခိုင်းစေမှုမှ လွတ်ငြိမ်းခွင့်ရရှိရန် အခွင့်အရေးများ စနစ်တကျ ချိုးဖောက်ခံနေရသည်။

မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နိုင်အွန်းမွန်က “မွန်ဒေသအတွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ပိုပိုပြီးတော့ ညံ့လာတယ်၊ စီးပွားရေးအခြေအနေတွေက ပြန်လည်း ကောင်းမွန်လာမယ်လို့တော့ ကျနော့်အနေနဲ့ မထင်ဘူး၊ လုပ်ငန်းရှင်တွေ လယ်သမားတွေက ကုန်ဈေးနှုန်းနဲ့ ရာသီဥတုကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။ ဒီပြဿနာတွေက အရင်ကတည်းက ရှိလာခဲ့တဲ့ပြဿနာတွေပဲ၊ ဒါတွေအားလုံးက ပြည်သူတွေအပေါ် အာဏာရှင်ဆန်တဲ့ အခွန်ကောက်ခံမှုတွေပဲဖြစ်တယ်၊ စီးပွားရေးအခြေအနေနဲ့ အခွန်ဆောင်မှုတိုးမြင့်လာတဲ့အတွက် ကျနော်တို့ မွန်ဒေသအတွင်းက လုပ်ငန်းတွေဟာလည်း ပြန်လည်ကောင်းမွန်လာဖို့ဆိုတာ ဖြစ်မလာနိုင်တဲ့ အနေအထားပဲ” ဟု ပြောသည်။

အဲန်ဒီ ဘားမားသည် လူ့အခွင့်အရေးဆိုင်ရာများကို မှတ်တမ်းပြုနေသော အဖွဲ့အစည်း ၁၃ ဖွဲ့တို့ဖြင့် ၂၀၀၃ ခုနှစ်မှာ ဖွဲ့စည်းထားသည်။ ယခုထုတ်ပြန်သည့် အစီရင်ခံစာတွင် အဲန်ဒီ ဘားမားအနဖြေင့် လူ့အခွင့်အရေး အဖွဲ့အစည်း ၁၃ ဖွဲ့မှ စုဆောင်းရရှိထားသည့် အချက်အလက်အပါအဝင် အဲန်ဒီ ဘားမားမှ ပြည်သူ ၃၄၂ ယောက်နှင့် တွေ့ဆုံမေးမြန်းထားပြီး ယင်းအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

အခွန်မျိုးစုံကြားကမြန်မာပြည်သားတွေ

ဘီဘီစီ မြန်မာပိုင်း အပတ်စဉ် စီးပွားရေး သုံးသပ်ချက် ကဏ္ဍတွင် "အခွန်မျိုးစုံကြားက မြန်မာပြည်သားတွေ" ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) မှ ကိုဟန်ကြီးနှင့် ဉီးဟန်ထွန်း (အခွန်) တို့ ဆွေးနွေးချက် အား ပြန်လည် ဖော်ပြလိုက်ပါသည်။ အောက်တွင် နားဆင်နိုင်ပါသည်။

JavaScript is disabled!
To display this content, you need a JavaScript capable browser.

ဗွီအိုအေ တီဗွီသတင်း

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org