ကြာသပတေးနေ့, ဖေဖေါ်ဝါရီလ 02, 2012
နောက်ဆုံးရေးသားချိန် - ဗုဒ္ဓဟူးနေ့, 25 ဇန္နဝါရီလ 2012 GMT +6:30

ကျွန်ုပ်တို့အကြောင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေး မှတ်တမ်းပြု ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် နည်းလမ်းတရပ် ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၃) ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

ကွန်ရက်၏အဖွဲ့ဝင် (၁၃) ဖွဲ့တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။

လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက် သည် ကွင်းဆင်း အချက်အလက် စုဆောင်းရေး လုပ်ငန်းများအတွက် သင်တန်းများလည်း ပေးပါသည်။

Benetech မှ တီထွင်ထားသော လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များ ပေးသော သတင်းအချက် အလက်များကို ညှိနှိုင်းပြီး၊ ဘုံ အချက် အလက် ဘဏ်မှာ ထည့်သွင်း ပါသည်။ ထို့အပြင် ပူးတွဲ အစီရင်ခံ တင်ပြခြင်းနှင့် စည်းရုံးလှုံ့ဆော် တိုက်တွန်းခြင်း လှုပ်ရှားမှု များကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏လုပ်ငန်း နယ်ပယ် မှန်သမျှတွင် အခြားသော လူ့အခွင့်အရေး အဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျှက် ရှိပါသည်။

မျှော်မှန်းချက်
ငြိမ်းချမ်း၍ ဒီမိုကရေစီ ထွန်းကားသော မြန်မာနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းရေးတွင် အမှန်တရားနှင့် တရားမျှတမှုကို ရှာဖွေ ဖော်ထုတ်နိုင်ရန်။

ရည်ရွယ်ချက်
လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းမှတ်တမ်းတင်ထား သော ဒေတာဘေ့စ်တရပ် ပေါ်ထွက်လာစေရေးအတွက် စုပေါင်း ဆောင်ရွက်ကြရန်။

ရေတို ရည်ရွယ်ချက် ပန်းတိုင်
ကွန်ယက်၏ အဖွဲ့ဝင်များနှင့် အခြားစည်းရုံးတိုက်တွန်းနေ ကြသည့်အဖွဲ့များအတွက် အရည်အသွေးမြင့်၍ အရေအတွက်များ သော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာအချက်အလက်များ ရရှိနိုင်စေရန်။

ရေရှည်ရည်ရွယ်ချက် ပန်းတိုင်

တိကျသော သမိုင်းမှတ်တမ်းအဖြစ် ဖွံ့ဖြိုးလာစေရန်နှင့် အနာဂတ် ဒီမိုကရေစီ မြန်မာနိုင်ငံတွင် ဤမှတ်တမ်းများမှ ဆွဲထုတ်အသုံးပြု နိုင်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ငန်းစဉ်များ ထွက်ပေါ်လာစေရန်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားသော လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုး အစားများကား များပြားလှသည်ဖြစ်ရာ ကွန်ရက်၏ အဖွဲ့ဝင် အသီးသီးသည် မိမိတို့၏ သတ်မှတ်ထားသော တာဝန်နှင့် အထူး သက်ဆိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ အာရုံစိုက် မှတ်တမ်းတင်ကြပါသည်။

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org