ဗုဒ္ဓဟူးနေ့၊ 10 မတ်လ 2010 ခုနှစ် 23 နာရီ 30 မိနစ်
ယခုသင်တန်းတွင်
- နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေများအကြောင်းနှင့် ၎င်းတို့အား ဥပဒေစိုးမိုးသက်ရောက်စေပုံ
- နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) နှင့် သက်ဆိုင်သည့် ရာဇ၀တ်မှုများနှင့် ရာဇ၀တ်မှုမြောက်စေသည့် အကြောင်း အချက်များ
- "သက်သေခံ အထောက်အထားများ" အကြောင်းနှင့် နိုင်ငံတကာ ရာဇ၀တ်မှုများတွင် အသုံးပြုခဲ့သော သက်သေခံ အထောက်အထားများ အကြောင်း
- ရှေ့အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေး အစီအစဉ်များအတွက် ကြိုတင် အထောက်အထားများ ကောက်ခံခြင်း
- နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ၏ ရာဇ၀တ်မှုများအား စုံစမ်းစစ်ဆေးပုံနှင့် တရားစွဲဆိုပုံ အခြေခံ သဘောတရားများအကြောင်းတို့ကို တင်ပြဆွေးနွေးခဲ့သည်။
ယခုသင်တန်းတွင် ကွန်ယက်အဖွဲ့၀င်အဖွဲ့အစည်းများအပြင် အခြား လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများလည်း ပါ၀င်တက်ရောက်ခဲ့ကြသည်။