ဗုဒ္ဓဟူးနေ့၊ 25 ဇန္နဝါရီလ 2012 ခုနှစ် 09 နာရီ 46 မိနစ်
၂၄ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၂ခုနှစ်
သတင်းထုတ်ပြန်ချက်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးအခြေစိုက် ကျန်လုနှင့် ကျန်ကွေရှင်တို့ ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖားပြန့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးဖြစ်သည့် ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်အား အပြစ်မရှိဘဲ လက်ထိပ်ခတ်ပစ်သတ်ပြီး လူမဆန်စွာ ရက်ရက်စက်မသေမချင်း ရိုက်နှိက်ခဲ့သည်ဟု သိရှိရပါသည်။