သောကြာနေ့, ဖေဖေါ်ဝါရီလ 17, 2012
နောက်ဆုံးရေးသားချိန် - ဗုဒ္ဓဟူးနေ့, 25 ဇန္နဝါရီလ 2012 GMT +6:30

ဒေသခံမိသားစု ၆၃ ရာခိုင်နှုန်းမှာ လယ်ယာခြံမြေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှူံးနေခြင်း

ထုတ်ပြန်ကြေညာချက် –                         ၂၂ ရက် နိုဝင်ဘာလ ၂၀၁၁ ခုနှစ်။

တအာင်းဒေသရှိ ပျက်သုဉ်းမှုဆီသို့ဦးတည်သော ဖွံ့ဖြိုးမှုစီမံကိန်းနှင့် ခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်းကြောင့်  ဒေသခံမိသားစု ၆၃ ရာခိုင်နှုန်းမှာ လယ်ယာခြံမြေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှူံးနေခြင်း

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး- ဤှ၌ဥ မှ ထုတ်ဝေလိုက်သည့် အစီရင်ခံစာတွင် မြန်မာစစ်အစိုးရနှင့် ၎တို့၏ လက်ဝေခံလုပ်ငန်းရှင်များ အတင်းအဓမ္မသိမ်းပိုက်မှုကြောင့် တောင်သူမိသားစုပေါင်း ၆၃ ရာခိုင်နှုန်းခန့်၏ လယ်ယာခြံမြေများ ဆုံးရှူံးခဲ့ကြရသည်ဟု ခန့်မှန်းတွက်ချက်တင်ပြထားပါသည်။  မြန်မာနိုင်ငံတွင် “နိုင်ငံရေးပြုပြင်ပြောင်းလဲမှု” အတွက် လူသိရှင်ကြား အသံကောင်းဟစ်နေသော်ငြားလည်း၊ အာဏာပိုင်များ၏လယ်ယာမြေအဓမ္မသိမ်းဆည်းမှုများမှာ ရပ်တန့်ခြသတင်င်းမရှိသေးပဲ ဒေသခံ မိသားစုများ၏အသက်မွေးဝမ်းကျောင်းနှင့် စားဝတ်နေရေးဖူလုံမှုကို ပိုမိုခြိမ်းခြောက်နေလျှက်ရှိပါသည်။
“ခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်း- တအာင်းဒေသရှိ ပျက်သုဉ်းမှုဆီသို့ဦးတည်နေသောဖွံ့ဖြိုးရေးစီမံကိန်းများ” အစီရင်ခံစာ တွင် ရှမ်းပြည်မြောက်ပိုင်း တအာင်းဒေသရှိ လယ်ယာခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်း၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဝိရောဓိဖြစ်နေသော မြန်မာ့လယ်ယာမြေဥပဒေများဖြင့် စစ်တပ်ဦးဆောင်အစိုးရက ပြည်သူလူထုကိုဖိနှိပ်ပြီး လယ်ယာခြံမြေများကို ဆန္ဒရှိသည့်အတိုင်း မည်ကဲ့သို့သိမ်းယူနေသည်ကို ဖော်ပြထားပါသည်။ မြန်မာအစိုးရသည် နိုင်ငံတကာ ဥပဒေဘောင်ကန့်သတ်ချက်ပါ မြန်မာ့ အိုးအိမ်၊ ခြံမြေနှင့်ပစ္စည်းပိုင်ခွင့်ဥပဒေ ကိုလည်းလိုက်နာရန်ပျက်ကွက်ခဲ့သည်၊
ဤှ၌ဥ ၏အစီရင်ခံစာကို ပူးတွဲတာဝန်ခံရေးသားသူ မိုင်းပါင်လ က “ လာဘ်စားတဲ့ဒေသခံအာဏာပိုင်တွေဟာ ဥပဒေကိုအလွှဲ သုံးစားပြုပြီး ပြည်သူလူထုတွေရဲ့ လယ်ယာမြေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို သူတို့ရဲ့ပါးစပ်ကထွက်တဲ့ “အမိန့်” နဲ့ သိမ်းပိုက်ခဲ့တာနှစ်ပေါင်းများနေပါပြီ၊ အဲဒီ အမိန့်တွေဟာ တရားမျှတမှုလုံးဝမရှိပါဘူး။ စစ်တမ်းကောက်ခံခဲ့တဲ့ မိသားစုတွေရဲ့ ၆၃ ရာခိုင်နှုန်းဟာ ဆိုးကျိုးတွေကိုလက်တွေ့ခံစားနေရပြီး လယ်ယာသိမ်းဆည်းမှုတွေဟာလည်း ဆက်ဖြစ်နေတုန်းပါပဲ။ တကယ်လို့ အဲဒီလိုသိမ်းပိုက်မှုတွေ  မရပ်ဘူးဆိုလို့ရှိရင်တော့  ဒေသခံတအာင်းပြည်သူလူထုတွေ နေထိုင်စားသောက်ဖို့ ခြံမြေတွေရှိမှာ မဟုတ် တော့ဘူး။” ဟုပြောပါသည်၊
အစီရင်ခံစာတွင် ဖော်ညွန်းထားသော လယ်ယာသိမ်းဆည်းမှုဖြစ်ပွားရခြင်း အဓိကအကြောင်းအရင်းဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကြီးမားသောဖွံ့ဖြိုးမှုစီမံကိန်းများမှာ- ရွှေလီရေအားလျှပ်စစ်ဓါတ်အားပေးရေကာတာ ၃ ခု၊ ရွှေ-သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းများနှင့် တရုတ်-မြန်မာ ပို့ဆောင်ဆက်သွယ်ရေးမီးရထားစီမံကိန်း တို့ဖြစ်ပါသည်၊ ထို့အပြင် နမ့်ဆန်မြို့နယ်တွင် စစ်တပ်တိုးချဲ့ခြင်း၊  လာဘ်စားမှုများဆက်လက်ရှိနေခြင်း၊ လမ်းတိုးချဲ့ဖောက်လုပ်နေခြင်းနှင့် ကြက်ဆူစီမံကိန်းများ၏ ဦးတည်ရာ အကျိုးဆက်အဖြစ် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးမျိုးစုံချိုးဖောက်မှုတို့ကို ဒေသခံတအာင်းပြည်သူများ ခံစားနေရပါသည်၊
လယ်ယာခြံမြေဧကပေါင်း ခန့်မှန်းခြေ (၄၂၉၄၀) ဧကကျော် အဓမ္မသိမ်းပိုက်ခံရပြီး၊ ထိုကဲ့သို့ သိမ်းပိုက်ခံရခြင်းကြောင့် မိသားစု အိမ်ခြေပေါင်း (၈၅၈၈) ကျော် ထိခိုက်ခံစားကြရသည်ဟု ဤှ၌ဥ မှ သတင်းအချက်အလက် ကောက်ယူစုဆောင်းနိုင်ခဲ့ပါသည်။ ထိုဖော်ပြပါအရေအတွက်မှာ ဖွံ့ဖြိုးရေးစီမံကိန်းတိုးလာသည်နှင့်အမျှ ပိုမိုများပြားလာဖွယ်ရှိပါသည်။ လယ်ယာခြံမြေများ၊ အိုးအိမ် များ၊ အသက်မွေးဝမ်းကျောင်းများ ဆုံးရှူံးခြင်းနှင့် ဆုံးရှူံးမှုအတွက်ထိုက်တန်သည့်လျော်ကြေးမရရှိခြင်းတို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ တအာင်းပြည်သူလူထုအပေါ် ကြီးမားစွာသက်ရောက်စေပါသည်။ စီမံကိန်းမှထွက်ရှိမည့် အဓိက အကျိုးရလာဒ်များ ကို ဒေသခံပြည်သူများခံစားရမည်မဟုတ်ဘဲ အိမ်နီးနားချင်း တရုတ်နိုင်ငံသာရရှိခံစားရမည်ဖြစ်သည်၊ ခြံမြေသိမ်းပိုက်ခံသူများမှာ ယင်းတို့၏ကံကြမ္မာအတွက် ဆွေးနွေးတိုင်ပင်ခြင်းမခံရဘဲ ရွေ့ပြောင်းထွက်ခွာရန်သာ ရိုးရှင်းစွာအမိန့်ပေးခံခဲ့ကြပါသည်။
လယ်ယာမြေသိမ်းပိုက်ခြင်းခံရသည့် ဒေသခံတစ်ဦးရှင်းပြချက်အရ တအာင်းလူထု၏ဘဝမှာ အလွန်ဆိုးရွားနေကြောင်း- “ ကျနော် အရမ်းဝမ်းနည်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်တွေ ကျနော့်ခြံမြေကိုသိမ်းပြီးတဲ့နောက် သုံးရက်မှာ ကျနော့်ဇနီးလဲ အသက်ဆုံးသွားတယ်၊ ကျန်တဲ့သား နှစ်ယောက်ကလည်း သူတို့အမေသေဆုံးပြီးတဲ့နောက်ပိုင်းမှာ အိမ်မှာမနေချင်တော့ဘူး၊ အထက်တန်းကျောင်းတက်နေတဲ့သမီး နှစ်ယောက်ကလည်း ကျောင်းထွက်ကြရတယ်။ မှီခိုစရာဆိုလို့ ခြံမြေပဲရှိတယ်၊ တခြား အလုပ်ထပ်ရှာဖို့လည်း ကျနော်တို့မှာ အတွေ့အကြုံမရှိတော့ အင်မတန်ခဲယဉ်းတယ်” ဟုပြောသည်၊
မြန်မာအစိုးရအနေဖြင့် ပြည်သူလူထုတို့၏ အိုးအိမ်၊ ခြံမြေနှင့်ပစ္စည်းပိုင်ခွင့်ကို လေးစားလိုက်နာရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန်နှင့် အစိုးရနှင့်နိုင်ငံခြားကုမ္ပဏီများအနေဖြင့် လူမှုအသိုင်းအဝိုင်းအပေါ်တိုက်ရိုက် ဆိုးကျိုးသက်ရောက်စေမည့် ဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ပွင့်လင်း မြင်သာမှု ကျင့်သုံးခြင်းနှင့် ဒေသခံလူထု၏ ထင်မြင်ယူဆချက်များကို လက်ခံစဉ်းစားခြင်းများပြုလုပ်ရန် ဤှ၌ဥ မှ တိုက်တွန်းတောင်းဆို လိုက်ပါသည်။ မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားခေါင်းဆောင်များနှင့် စစ်မှန်သည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့် သည်ဟု မိမိတို့ တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး- ဤှ၌ဥ မှ နှိုးဆော်အပ်ပါသည်၊

အစီရင်ခံစာ သတင်းအချက်လက်အသေးစိပ်လေ့လာလိုပါက တတတ၏စေူကေညါူညေိ၏သမါ နှင့် တတတ၏စေူကေညါတသာနည၏ခသာ  ရယူကြည့်±ှုနိုင်ပါသည်။
ဆက်သွယ်ရန်-     မိုင်းပါင်လ ဝ၈၀ ၈၄ ၁၆ ၂၉၇

အခြား ထုတ်ပြန်ချက်များ

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org