ကြာသပတေးနေ့, မေလ 17, 2012

လူ့အခွင့်အရေးမှတ်တမ်းပြုခြင်း လက်စွဲစာစဉ်များ

လက်စွဲစာစောင်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ နိုင်ငံတကာဥပဒေချိုးဖောက်မှုရှိ-မရှိ ပိုင်းခြားသုံးသပ်ခြင်းနှင့် ဤအကြောင်းများကို အစီရင်ခံတင်ပြခြင်းနည်းတို့အတွက် သတင်းအချက်အလက်များ ပေးထားပါသည်။


အခန်း (၁) - မှတ်တမ်းပြုခြင်း - လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်သက်ဆိုင်သော နိုင်ငံတကာဥပဒေများ ကိုဖေါ်ပြထားပြီး၊ ဤချိုးဖောက်မှုများကို မှတ်တမ်းပြု၍ ရနိုင်ဖွယ်ရှိသောနည်းလမ်းများနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ ပေးထားပါသည်။ ထို့နောက် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေ၊ သမိုင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အခြေအနေ၊ အချိန် အခါတို့အကြောင်း သတင်း အချက်အလက်များ ပေးထားပါသည်။ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော နမူနာအချက်အလက်ပုံစံပေါ် အခြေခံလျှက် တွေ့ဆုံမေးမြန်းခြင်းအတွက် ကောင်းသောနမူနာပုံစံနှင့် ညံ့ဖျင်းသော နမူနာပုံစံ တို့ကိုလည်း ဖော်ပြပေးထားပါသည်။

အခန်း (၂) - ပိုင်းခြားသုံးသပ်ခြင်း - နိုင်ငံတကာ ဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်ရေးအတွက် အထောက်အထား များကို အကဲဖြတ်နည်း အကြောင်းကို ဆွေးနွေးထားပါသည်။ ချိုးဖောက်မှု အထောက်အထားများကို အားကောင်းစေမည် ဖြစ်သော အလားအလာများနှင့် ဖြစ်နေကျပုံစံများကို အကဲဖြတ်နည်းအကြောင်း ဆွေးနွေးထားပါသည်။ အခန်း (၂) တွင် လူမျိုးတုံး သတ်ဖြတ်ခြင်းနှင့် လူသားမျိုးနွယ် တရပ်လုံးအပေါ် အန်တရာယ်ပြုဆန့်ကျင်သော ရာဇ၀တ်မှုများကဲ့သို့သော နိုင်ငံတကာ ဥပဒေအရ ကြီးလေးသောအမှုများအဖြစ် သတ်မှတ်ရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များလည်း ပါ၀င်ပါသည်။

အခန်း (၃) - တိုက်တွန်းစည်းရုံးခြင်း - နိုင်ငံတကာ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများထံသို့ လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများ တင်ပြခြင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များပါ၀င်ပါသည်။ ဤအခန်း သည် ကုလသမဂ်ဂ၏ အခန်းကို အလေးတင်း တင်ပြထားပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အသုံးပြုနိုင်သော လုပ်ထုံးလုပ်နည်းများ အကြောင်းကို အကျဉ်းရုံး တင်ပြထားပါသည်။

အချပ်ပိုတွင် ကလေးများနှင့် အင်တာဗျူးခြင်းနှင့် အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် တွေ့ဆုံမေးမြန်းခြင်း အကြောင်းများကို ထည့်သွင်းဖော်ပြထားပါသည်။

ဒေါင်းလုဒ်လုပ်ရန်

  • ထုတ်ဝေသူ: လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)
  • ထုတ်ဝေသည့်ခုနှစ်: ဒီဇင်ဘာလ ၂၀၀၉ ခုနှစ်

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org