သောကြာနေ့, မေလ 18, 2012

ကျွန်ုပ်တို့အကြောင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေး မှတ်တမ်းပြု ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် နည်းလမ်းတရပ် ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၃) ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

ကွန်ရက်၏အဖွဲ့ဝင် (၁၃) ဖွဲ့တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။

  • ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ

    အင်္ဂါနေ့၊ 15 မေလ 2012 ခုနှစ် 11 နာရီ 00 မိနစ်
  • ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ

    အင်္ဂါနေ့၊ 15 မေလ 2012 ခုနှစ် 11 နာရီ 05 မိနစ်
  • ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ

    အင်္ဂါနေ့၊ 15 မေလ 2012 ခုနှစ် 11 နာရီ 06 မိနစ်
  • ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ

    အင်္ဂါနေ့၊ 15 မေလ 2012 ခုနှစ် 11 နာရီ 07 မိနစ်

ဗိုက်မှောက်နေရသည့်ဘဝများ

“မြေယာသိမ်းဆည်းမှု၊ အဓမ္မလုပ်အားခိုင်းစေမှုနှင့် အခွန် အတင်းအကျပ် ကောက်ယူခြင်းတို့ ဒဏ်ကို ပေါင်းစည်းခံစားရသည့် အတွက်ကြောင့် ဝဲဝန်းနှင့် ဝဲတော်ကျေးရွာလူထုများအနေနှင့် ဘဝ ပိုမိုကျပ်တည်း ဆိုးရွားလာစေပါသည်။ ထိုသူတို့အနေနှင့် စိုက်ပျိုးမြေ ရှားပါးလာခြင်းအပြင် စစ်တပ်ရင်းပိုင် စိုက်ခင်းများတွင် မဖြစ်မနေ အလုပ်လုပ်ပေးနေရသည့်အတွက်ကြောင့် မိမိ လယ် မြေကို မထွန်ယက် မပြုစုနိုင်ဖြစ်လာရသည်။ ရပ်ရွာအာဏာပိုင်များ၊ သို့မဟုတ် စစ်တပ်က ကောက်ခံနေသည့် အဓ္ဓမအခွန်အတုတ်များကိုလည်း ပေးဆောင်နိုင်စွမ်း မရှိတော့ပေ။ ဤ ပြဿနာများ ကြီးထွားလာသည့်အခါ ကျေးရွာသားအများစုက မွေးရပ်မြေကို စွန့်ခွာ၍ အခြား ဒေသများသို့ ပြောင်းရွှေ့ထွက်ပြေးကြရသည်။ ” taxation report

လူ့အခွင့်အရေး မှတ်တမ်းကွန်ယက်(မြန်မာနိုင်ငံ) သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် ကွန်ရက် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်နေကြသော အဖွဲ့အစည်းများအနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းတင်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ကြရန် နည်းလမ်းတစ်ခုအဖြစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါ သည်။ လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) ၏ အဖွဲ့ဝင် ၁၃-ဖွဲ့သည် မြန်မာ နိုင်ငံ၏ ဒေသအနှံ့ အပြားကို လွှမ်းခြုံမှုရှိပြီး၊ မြန်မာနိုင်ငံမှ ပြည်သူများ တွေ့ကြုံခံစားနေရသည့် အဖြစ် အပျက် အမှန်တရားကို အသုံးချ၍ စစ်အစိုးရ၏ အာဏာကို စုပေါင်းဆန့်ကျင်နိုင်ကြစေရန် ရည်ရွယ် ဆောင်ရွက်နေပါသည်။ ဤ သို့ဆောင်ရွက်ရာ၌ ယနေ့ကာလများ၌ တိုက်တွန်းစည်းရုံး ပြောဆိုမှုများပြု နေသည့်အပြင်၊ အကယ်၍ အသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာပါကလည်း တရားမျှတမှုနှင့် တာဝန်ယူ/တာဝန်ခံမှုများ ရှိလာစေရန်ရည် ရွယ်ပါသည်။

လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) ၏ စုပေါင်းကြိုးပမ်းမှုဖြင့် ဒေတာဘေ့စ် (အချက် အလက် သိုလှောင်မှုစနစ်) တွင် အမှုပေါင်း (၂ဝဝဝ)ကျော် မှတ်တမ်းတင် သိမ်းဆည်းထားပြီး၊ လူ့အခွင့် အရေးနှင့်ပတ်သက်၍ သတင်းအချက်အလက် စုဆောင်းသူများကို ကောင်းစွာလေ့ကျင့် သင်တန်းပေးမှု များဖြင့် ဆက်လက်တိုးတက်အောင် ဆောင်ရွက်နေပါသည်။ မိမိတို့ကွန်ရက်အဖွဲ့က အတင်းအကျပ်အခွန် ကောက်ယူနခြေင်းကိစ္စအပေါ် ပထမဦးဆုံး အစီရင်ခံစာအဖြစ် စုဆောင်းထုတ်ဝေရန်ရွေးချယ်ခဲ့ကြပါ သည်။ ဤသို့ ရွေးချယ်မှုမှာ ပုံမှန်မဟုတ်သည့် ရွေးချယ်မှုဟုထင်မြင်ဖွယ် အကြောင်းရှိနေပါ သည်။

အကြောင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြင်းထန်ဆိုးရွားသော နိုင်ငံရေး၊ အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများသည်လည်း အလားတူအာရုံစိုက်မှု ရသင့်သည့်ကိစ္စများဖြစ်နေ သောကြောင့်ပင်ဖြစ်ပါ သည်။ အမှန်တကယ်ပင် လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက်အဖွဲ့၏ မှတ်တမ်း ဒေတာဘေ့စ်တွင်အတင်း အဓမ္မဖမ်းဆီးမှု၊ ထိန်းသိမ်း ချုပ်နှောင်မှုများ၊ သတ်ဖြတ်မှုများ၊ စစ်သားအဖြစ်စုဆောင်းခံရမှုများ၊ ကလေး စစ်သားကိစ္စနှင့် အထွေထွေသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ခေါင်းစဉ်များကိုလည်း မှတ်တမ်းတင် စုဆောင်းထားပါသည်။ မည်သည့်အတွက်ကြောင့် အခွန်ကောက်ခံမှုအရေးကိုမှ ရွေးချယ်ခဲ့ရသနည်းဟု မေးခွန်းရှိနိုင်ပါသည်။

၂၀၀၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် မိမိတို့လူမှုအဖွဲ့အစည်းအားလုံးတွင်၊ ကျေးလက်ဖြစ်စေ- မြို့ပြ ဖြစ်စေ၊ လူများစုဒေသဖြစ်စေ၊ လူနည်းစု တိုင်းရင်းသားများ နေထိုင်နေသည့်ဒေသဖြစ်စေ၊ ကျားမ မရွေး အကျယ်အပြန့် ထိခိုက်သက်ရောက်ခံစားနေရသော မည်သည့်ပြဿနာမျိုးရှိနေသနည်းဟု မိမိတို့ဘာ သာ မေးခွန်းထုတ်ခဲ့ပါသည်။ ထို့အပြင် မိမိတို့ လူမှုအသိုင်းအဝိုင်းတွင် ထိခိုက်သက်ရောက်မှု အကြီးဆုံး ရှိနေသည့် ပြဿနာ၊ သို့သော်လည်း မိမိတို့အပါအဝင် အခြားသော လူ့အခွင့်အရေး အဖွဲ့များက တင်ပြ ဆောင်ရွက်နေကြသော မှတ်တမ်းများတွင် ကောင်းမွန်စွာ ဖော်ပြခံရခြင်းမရှိသေးသည့် ပြဿနာကို မိမိ တို့ဘာသာ မေးခွန်းထုတ်ခဲ့ပါသေးသည်။ ဤသို့ မေးခွန်းကို ပြန်လည်ဖြေဆိုကြည့်သည့် လေ့ကျင့်ခန်း တွင်ယခုလို အခွန်အတုတ် ပြဿနာနှင့် အကျင့်ပျက်ခြစားနေမှုပြဿနာများ ရှေ့တန်းသို့တက်လာပြီး အဖြေထွက်လာမည်ဟု မိမိတို့တစ်ဦးကမျှ ကနဦးတွင် မျှော်လင့်မထားမိခဲ့ကြပါ။

တချိန်တည်းလောက်တွင်ပင် ၈၈ မျိုးဆက် ကျောင်းသားများ အင်အားစုကလည်း “ရင်ဖွင့်သံ လှုပ်ရှားမှု” အနေနှင့် ပြည်သူများကသူတို့နေ့စဉ် ခံစားနေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာ များအပေါ် စာများရေးသားတင်ပြ တောင်းဆိုရန် တိုက်တွန်းမှုကို ဆောင်ရွက်ခဲ့ကြပါသည်။ ဤအဖွဲ့က စာပေါင်း (၂၅၀၀)ကျော်လက်ခံရရှိခဲ့ပြီး၊ စာများ၏၅၀ ရာခိုင်နှုန်းကျော်ကသူတို့၏ “လူနေမှုစရိတ်၊ စီးပွား လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး”ဆိုင်ရာနစ်နာခံစားချက်များကို ရေးသားထားခဲ့ကြသည်။ လူ့အခွင့် အရေးမှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) ၏ သုတေသနလုပ်ငန်းများကလည်း အလားတူနိဂုံးချုပ်သုံးသပ် ချက်ကိုပင်ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံရှိ ပြည်သူများသည် သူတို့ဝင်ငွေ၏ အများစုသောအစိတ်အပိုင်း များနှင့် ပိုင်ဆိုင်မှုများကို အာဏာပိုင်များထံနှင့် တရားမဝင် အခွန်အတုတ်များ အတွက်လွှဲပြောင်းပေး ဆောင်နေကြရပါသည်။

ဤဖြစ်ရပ်မျိုးမှာမိသားစုတစ်ခုအတွက်ပင် အကြိမ်ကြိမ်ကြုံတွေ့နေရပြီး၊ အခြေခံ ရပ်တည်ရှင်သန်နိုင်ရေးအတွက်ပင် အလွန်အမင်းခက်ခဲလာစေပါသည်။ အတင်း အကျပ်ကောက်ယူနေ ပြီး၊ ဖိနှိပ်အုပ်ချုပ်မှုအသွင် ဖြစ်နေသည့် ဤသို့သော အခွန်အတုတ်မျိုးကြောင့် ပြည်သူများစွာ၏နေ့စဉ် ဘဝကို မည်မျှခက်ခဲ ပင်ပန်းစေကြောင်း မိမိတို့က မီးမောင်းထိုး တင်ပြလိုခြင်းလည်းဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင် ဤသို့ အခွန်ကောက်ခံနေမှုစနစ်ကြောင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် လူမှုဘဝ မြင့်မားရေးကို ထိခိုက်ကျဆင်းလာစေပါသည်။ ထိုမျှမက အရာအားလုံးကို စုပ်ယူဝါးမြိုနေသကဲ့ သို့ ရှိစေပါသည်။ မိသားစုများက ဤအခွန်အတုတ်များ ပေးဆောင်နိုင်ရေးအတွက် ငွေကြေးနှင့်အခြား အရင်းအမြစ်များကို ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှာဖွေနေကြရပြီး၊ ဤသို့ ဆိုးကျိုး သက်ရောက်မှုများကို ချို့တဲ့လှသည့် မဖြစ်စလောက်ဝင်ငွေဖြင့် ဖြေရှင်းရင်ဆိုင်နိုင်ရန် ကြိုးပမ်းနေကြရပါသည်။ ဤအခွန်စနစ် အောက်တွင်နေ့စဉ်နှင့်အမျှ ရှင်သန်ရေးအတွက် အလေးထား ကြိုးပမ်းနေကြရသည့်အလျှောက် လူအများ ကသူတို့၏ အခွင့်အရေးများအတွက်လည်း အလေးမထားနိုင် ဖြစ်လာရပါသည်။

၈၈-မျိုးဆက် ကျောင်းသားများအဖွဲ့၏ တွေ့ရှိချက်နှင့် ၂၀၀၇ ခုနှစ်တွင် လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) အဖွဲ့၏ သိရှိလာချက်များတွင် စီးပွားရေးအရ ဖိအားများသည်အဓိက ကြုံတွေ့နေရသည့် ဒုတ္ခပြဿနာဖြစ်ကြောင်း၊ အတိအကျသိရှိလာကြပါသည်။ ဤနှစ် နောက်ပိုင်းတွင် လောင်စာဆီစျေးနှုန်းများ မြှင့်တင်လိုက်မှုကြောင့် စီးပွားရေးစနစ်တွင် ရိုက်ခတ်မှုများဖြစ်ပေါ်လာပြီး၊ နေ့စား အလုပ်သမားများ အနေနှင့် သူတို့ရရှိသည့်လုပ်ခဖြင့် လုပ်ငန်းခွင်သို့ သွားရောက်ရန် သယ်ယူပို့ဆောင် ရေးစရိတ် ပေးနိုင်စွမ်း မရှိတော့သည်အထိ ဖြစ်ခဲ့ရပါသည်။ ဆန္ဒပြပွဲများ ဦးဆောင်စီ စဉ်မှုဖြင့် ၈၈-မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို ထောင်သွင်းအကျဉ်းချခဲ့သည့်အခါ ဗုဒ္ဓဘာသာရဟန်းတော်များက ဦးဆောင်သည့်အခန်းကဏ္ဍမှ နေရာယူ လှုပ်ရှားခဲ့ကြပါသည်။ သူတို့က စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် အခုယိုယွင်းကျဆင်းနေသည့် စီးပွားရေးအခြေအနေကို ပြန်လည် တည့်မတ်နိုင်ရန်နိုင်ငံ ရေးအရ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရန်တိုက်တွန်း ခဲ့ကြပါသည်။

၂၀၁၀ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲပြီးလျှင် ပြည်သူတို့၏ ဘဝအခြေအနေ တိုးတက်လာမည်ဟု မိမိတို့က မျှော်လင့်မထားပါ။ စစ်အစိုးရက နိုင်ငံရေးစနစ်ကို ဆက်လက်ထိန်းချုပ် ထားနိုင်ရန် စီစဉ်ထားခြင်းမျှသာဖြစ်ပါသည်။ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်များကို နယ်ခြား စောင့်တပ်နှင့် အမျိုးမျိုးသော ပြည်သူ့စစ်လက်နက်ကိုင်တပ်များအဖြစ် အသွင်ပြောင်းရေးအတွက်စီစဉ် ထားပြီး၊ မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို စစ်ပုံစံ အသွင်ပြောင်းရန် ဆက်လက်ကြိုးပမ်းနေ ကြသည်။ ဤသို့ စနစ်တည်ဆောက်နိုင်ရေးအတွက် ယခုအစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း၊ အဓမ္မ အခွန်အတုတ်များဖြင့် သုံးစွဲ အကောင်အထည် ဖော်နေကြပါသည်။ အမှန်တကယ် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ဖြစ်ပေါ်လာသည့်အခါမှသာ၊ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးလာမှသာ၊ ပြည်သူများထံမှ မတရားရယူ ထားကြသော ပြည်သူတို့ ပိုင်ဆိုင်သည့် ပစ္စည်းဉစ္စာများကို အမှန်တကယ်ပြန်လည် အပ်နှင်းမှသာ၊ အဓမ္မ ငွေညှစ်နေမှုများကို ထိန်းချုပ်နိုင်မှသာ၊ ပြည်သူများ၏ ကိုယ်စားလှယ်များကို လွတ်လပ်မျှတစွာ ရွေးချယ်၍ ထိုသူများက သူတို့၏ လူမှုအသိုင်းအဝိုင်းများကို တာဝန်ခံဖြေကြားမှုရှိသည့် အခါမှသာပြည်သူတို့၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်လာစေမည် ဖြစ်ပါသည်။

မြန်မာပြည်သူတို့အပေါ် နစ်နာသက်ရောက်နေသော အခွန်ကောက်ခံမှုစနစ်နှင့် အဓမ္မငွေညှစ် ခြင်းသည် ပြည်သူတို့၏ အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်နေခြင်း ဖြစ်ပါသည်။ လူများ၏ လုံ လောက်သင့်လျော်သည့် နေထိုင်မှုအဆင့်အတန်း၊ ဖွံ့ဖြိုးမှုဆိုင်ရာအခွင့်အရေး၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်အခွင့် အရေး၊ ပညာရေးဆိုင်ရာအခွင့်အရေးများကို ငြင်းပယ်နေခြင်းနှင့် သူတို့မခံစားအပ်သည့် အဓမ္မလုပ်အား အသုံးချနေခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ပါသည်။ ဤအစီရင်ခံစာဖြင့် စစ်အစိုးရက ချိုး ဖောက်ကျူးလွန်နေသည့် လုပ်ရပ်များကို နိုင်ငံတကာမိသားစုက သိရှိလာစေရန်၊ မြန်မာပြည်သူများအပေါ် မည်မျှဆိုးကျိုးကြီးစွာ သက်ရောက်နေရပုံကို သိရှိနိုင်စေရန် တင်ပြလိုခြင်းဖြစ်ပါသည်။ ထို့အပြင် ဤ အစီရင်ခံစာအားဖြင့် တာဝန်ခံမှုနှင့် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန်လည်း တောင်းဆိုအပ်ပါ သည်။

[အစီရင်ခံစာရယူရန်]

တရားဝင် အခွန် အပြင် တခြား ဘာကြေးတွေ ပေးနေရသလဲ

မြန်မာပြည်သူတွေဟာ တရားဝင် ကောက်ခံတဲ့ အခွန်တွေ အပြင် အာဏာပိုင် အဖွဲ့ အစည်း အမျိုးမျိုးက နာမည်မျိုးစုံနဲ့ ငွေကြေး ကောက်ခံ နေတာကိုလည်း ခံနေကြရတယ်လို့ မကြာခင်က ထွက်လာတဲ့ အစီရင်ခံစာ တစောင်မှာ ဖေါ်ပြခဲ့ပါတယ်။

သောတရှင်တွေကော ဘယ်လို ငွေကြေးကောက်ခံတာမျိုးတွေ ကြုံနေကြရပါသလဲ

ဒီလို ငွေကြေးကောက်ခံတာတွေကို ဘယ်လို အခွင့်အာဏာနဲ့ လုပ်နေကြပါသလဲ၊ ဘာကြောင့် လုပ်နေကြတာလဲ၊

သောတရှင်တို့ရဲ့ အတွေ့အကြုံ နဲ့ ထင်မြင်ယူဆချက်တွေကို လာမဲ့ စက်တင်ဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဘီဘီစီကို emailနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ကြပါတယ်။

Email နဲ့ဆိုရင် burmese@bbc.co.uk ကို ၌ေးပို့နိုင်ပါတယ်။

တယ်လီဖုန်းနံပတ်က ၀၀၄၄၂၀၇၅၅၇၁၇၆၄ ကိုဆက်သွယ်ပြီး မိမိပြောချင်တာကို အသံသွင်းထားခဲ့နိုင်ပါတယ်။ ကိုယ်ရဲ့တယ်လီဖုန်းနံပတ်ကို ပြောထားခဲ့ရင် ဘီဘီစီကပြန်လည်ဆက်သွယ်မှာ ဖြစ်ပါတယ်။

ကွန်ရက်အဖွဲ့များ၏ အစီရင်ခံစာများ

ပြောင်းလဲခြင်းအတွက် အသံများ
ခြံမြေများ အဓမသိမ်းပိုက်ခြင်း
အဆိပ်သင့်နေဆဲ မြန်မာနိုင်ငံ၏ စစ်အစိုးရသစ်လက်ထက်တွင် ပလောင်နယ်မြေ၌ ဘိန်းစိုက်ပျိုးမှု တဟုန်ထိုး တိုးလာနေခြင်း

လူ့အခွင့်အရေးသတင်းများ

တရားလွန်ပြုကျင်မှုများ အပိုင်း(၁-၂)

re_ss_bversion

ထုတ်ပြန်ချက်များ

  • 1
  • 2
  • 3
  • 4
hrdp-305

Latest Tweets

  • အချက်အလက်ရယူနေပါသည် ...

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org