လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ
လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ - ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ အစီရင်ခံစာ မျက်နှာဖုံး
ယခုနှစ် သြဂုတ်လတွင် စစ်အစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေငြာခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အရိပ်အရောင်ပေါ်တွင် 'ရွေးကောက်ပွဲက စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဖြစ်သလား သို့မဟုတ် မြန်မာပြည်တွင် ပုံမှန်ဖြစ်ပေါ်မှု တစ်ခုသာ ဖြစ်သလား' စသည်ဖြင့်ပြင်းထန်သော ငြင်းခုန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အရိပ်အရောင်ပေါ်တွင် 'ရွေးကောက်ပွဲက စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဖြစ်သလား သို့မဟုတ် မြန်မာပြည်တွင် ပုံမှန်ဖြစ်ပေါ်မှု တစ်ခုသာ ဖြစ်သလား' စသည်ဖြင့်ပြင်းထန်သော ငြင်းခုန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ထိုရွေးကောက်ပွဲပြီး ကာလတွင် လူ့အခွင့်အရေးအခြေအနေ အပါအဝင်၊ မြန်မာပြည်သူတို့၏ ဘဝအခြေအနေ တိုးတက်လာမည်ဟု လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အနေဖြင့် မမျှော်လင့်ပါ။
မြန်မာပြည်သူတို့သည် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင် နှစ်ပေါင်း (၅ဝ) ကျော်ကြာ ဒုက္ခဆင်းရဲခံခဲ့ကြရပြီး ထိုကာလတစ်လျှောက် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကို နေ့စဉ်နှင့်အမျှ ခါးစည်းခံခဲ့ကြရသည်။ ထိုရွေးကောက်ပွဲသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၏ တိုးတက်မှု တစ်ခုထက် အကန့်အသတ်မရှိသည့် စစ်အုပ်ချုပ်မှုယန္တရားအား အခိုင်အမာ အုတ်မြစ်ချသည့် ရွေးကောက်ပွဲပင် ဖြစ်သည်။
တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် လူ့အခွင့်အရေးအဖွဲ့ (၁၃) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော လူ့ အခွင့်အရေးမှတ်တမ်းကွန်ရက်သည် ၂ဝ၁ဝ ခုနှစ် ဇန္နဝါရီလမှ စတင်ကာ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းအချက်အလက်များကို အာရုံစိုက် မှတ်တမ်းပြု စုဆောင်းခဲ့ပါသည်။
စစ်အစိုးရနှင့် ၄င်း၏ နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် မြန်မာပြည်သူလူထု၏ သဘောထားအား ဆန့်ကျင်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျကျူးလွန်ခဲ့ကြောင်းကို ယခုအစီရင်စာက ဖော်ထုတ်လိုက်သည်။
၂ဝ၁ဝ ခုနှစ် ဇန္နဝါရီလမှ အောက်တိုဘာလအထိ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ ခြိမ်းခြောက်ခြင်းနှင့် နိုင်ထက်စီးနှင်း အကြပ်ကိုင်မှုများ၊ လွတ်လပ်စွာခရီးသွားလာခွင့်ကို ကန့်သတ် ငြင်းဆန်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့ကို ငြင်းပယ်ခြင်း၊အသိအမြင် ဗဟုသုတရှိရှိ ဆုံးဖြတ်ချက်ပြုလုပ်ခွင့်ကို တားမြစ်ခြင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်အား တားမြစ် ပိတ်ပင်ခြင်း အပါအဝင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းအချက်အလက် စုစုပေါင်း ၂၄၇ ခုအား စုဆောင်းနိုင်ခဲ့သည်။ ယခုသုတေသန ပြုလုပ်ချက်က ရွေးကောက်ပွဲကြိုကာလ လုပ်ငန်းစဉ်များ အဆင့်တိုင်းတွင် လွတ်လပ်၍ တရားမျှတမှုရှိသည့် အများယုံကြည်လက်ခံနိုင်သော ဒီမိုကရေစီစံ သတ်မှတ်ချက်များ ကင်းမဲ့နေကြောင်း ဖော်ပြလျှက်ရှိသည်။
ဒေါင်းလုဒ်လုပ်ရန်
- ထုတ်ဝေသူ: လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)
- ထုတ်ဝေသည့်ခုနှစ်: November 2010
ဒေါင်းလုဒ်လုပ်ရန်:
- ရယူရန်နိုပ်ပါ (71 download)
လူ့အခွင့်အရေးဆိုင်ရာ သတင်းများ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ်ရှိ တောတွင်းစစ်ပြေဒုက္ခသည်
- ရန်ကုန်မြို့ရှိ ကလေးအလုပ်မားတစ်ဦး
- ရန်ကုန်မြို့က မိန်းကလေးငယ် ကလေးအလုပ်သမားများ
- ရန်ကုန်မြို့က ကလေးအလုပ်သမားများ2
- ရန်ကုန်မြို့က ကလေးအလုပ်သမားများ
- ကချင်ပြည်နယ်တွင်း စစ်ရာဇဝတ်မှုများရှိမရှိ စုံစမ်းစစ်ဆေးမည်
- ကချင်ဒုက္ခသည်တွေအတွက် လူ့အခွင့်အရေးကော်မရှင် ညှိနှိုင်းပေး
- မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ မေတ္တာရပ်ခံ တင်ပြသည့် အိပ်ဖွင့်စာ
- အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းနွဲ့နှင့် အင်တာဗျူး
- မြန်မာလူ့အခွင့်အရေးတိုးတက်အောင် ဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း
- မြန်မာ့လူ့အခွင့်အရေးကော်မရှင် အကြောင်း အင်တာဗျူး