ရွှေဖီဦးကာလတွင် လက်ဖက်စျေးအသင့်တင့်ရှိပြီး ဝယ်ယူ သူများရှိသော်ငြားလည်း တပတ်ခန့်အကြာတွင် လက်ဖက်စျေးနန်းများ တဟုန်ထိုး ကျဆင်း လာပြီး၊ ဝယ်လက်များလည်း နည်းပါးလာပါသည်။ နောက်ပိုင်းတွင် လက်ဖက်စျေးကွက်ပျက် ခရဲ့ ပြးီ လကဖ် ကလ် ပု င် နး် များ ရပဆ် ငို း် ရမည ့် အခြေအနေနငှ ့် ရငဆ် ငို ြ်ကုံ တွေ့နေရပါသည။်
ရွှေဖီလက်ဖက်ရာသီမှာ တပေါင်းလပြည့်ကျော်မှစတင်၍ ကဆုန်လဆန်းထိ တစ်လ ကျော်ကြာမြင့်ပြီး ပလောင်လူမျိုးတို့၏ အသက်မွေးဝမ်းကြောင်းကို အဓိကထောက်ပံ့ပေးသည့် လက်ဖက်ရာသီ ဖြစ်ပေသည်။ လက်ဖက်လုပ်ငန်း လုပ်ကိုင်ကြသည့် တအာင်းလူမျိုးတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲအနောက်ဖက်ခြမ်း၊ သီပေါ အနောက်ဖက်ခြမ်း၊ နမ့်ခမ်း၊ ကွတ်ခိုင် အစရှိသည့်မြို့နယ်တို့တွင် အဓိကနေထိုင်ကြသည်။
လက်ဖက်လုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုကြသော တအာင်းလူဦးရေမှာ စုစုပေါင်း ခြောက်သိန်းကျော်ခန့် ရှိပါသည်။
ထကို သဲ့ ို့ တအာငး်လမူ ျုးိတို့၏ အဓကိ အသကေ် မးွ ဝမး် ကျောငး် ဖြစသ် ည ့်လကဖ် က် လုပ်ငန်းမှာ လက်ဝါးကြီးအုပ်ချယ်လှယ်ခံနေရသဖြင့် ကြီးမားသည့် အကြပ်အတည်းများ ပေါ်ပေါက်လာပြီး ဒေသခံပြည်သူလူထုတို့မှာ စီးပွားရေး၊ လူမူရေး၊ ပညာရေးနှင့် ကျန်းမာရေး အစရှိသည့် ပြဿနာပေါင်းစုံများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။
လက်ဖက်ပြဿနာနှင့် ရင်ဆိုင်နေရသော ပလောင်လူမျိုးတို့၏အခက်အခဲများကို စစ်တပ်လက်အောက်ခံအစိုးရနှင့် ဒေသတွင်းရှိ နိုင်ငံရေးပါတီများ၊ အခြားအဖွဲ့အစည်းများ အနေဖြင့် မည်သည့်ကူညီထောက်ပံ့မမျှ ပြုလုပ်သည်ကို မတွေ့ရှိရသေးပေ။ ထို့ကြောင့် လက်ဖက်တောင်သူ တအာင်းလူမျိုးတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာ များကို အားလုံးသိရှိစေပြီး ဝိုင်းဝန်းကူညီဖြေရှင်းပေးရာတွင် တစုံတရာ အကျိုးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုစာတမ်းကို မိမိတို့တအာင်း(ပလောင်)အလုပ်အဖွဲ့မှ ရေးသားပြုစု တင်ပြရခြင်း ဖြစ်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာ သတင်းများ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ်ရှိ တောတွင်းစစ်ပြေဒုက္ခသည်
- ရန်ကုန်မြို့ရှိ ကလေးအလုပ်မားတစ်ဦး
- ရန်ကုန်မြို့က မိန်းကလေးငယ် ကလေးအလုပ်သမားများ
- ရန်ကုန်မြို့က ကလေးအလုပ်သမားများ2
- ရန်ကုန်မြို့က ကလေးအလုပ်သမားများ
- ကချင်ပြည်နယ်တွင်း စစ်ရာဇဝတ်မှုများရှိမရှိ စုံစမ်းစစ်ဆေးမည်
- ကချင်ဒုက္ခသည်တွေအတွက် လူ့အခွင့်အရေးကော်မရှင် ညှိနှိုင်းပေး
- မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ မေတ္တာရပ်ခံ တင်ပြသည့် အိပ်ဖွင့်စာ
- အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းနွဲ့နှင့် အင်တာဗျူး
- မြန်မာလူ့အခွင့်အရေးတိုးတက်အောင် ဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း
- မြန်မာ့လူ့အခွင့်အရေးကော်မရှင် အကြောင်း အင်တာဗျူး