သိမ်းပိုက်ခံဘဝများ
တရုတ်-မြန်မာနယ်စပ်တွင် လွန်ခဲ့သည့်ခြောက်နှစ်တာကာလအတွင်းဖြစ်ပွားခဲ့သော လူကုန်ကူးခြင်းက္စိနှင့်အမှန်
တကယ် ပတ်သက်သူနှင့် ပတ်သက်သည်ဟုယူဆရသူ ၁၁ဝ ဦးပါဝင်သည့် ဖြစ်စဉ် ၇၂ ခုကို ပလောင်အမျိုးသမီးအစည်းအရုံး
မှ ကောက်ခံစုဆောင်းခဲ့ပါသည်။ ထိုလူကုန်ကူးမှုဖြစ်စဉ်အများစုမှာ နမ့်ခမ်း၊ နမ့်ဆန်နှင့် မန်တုန် မြို့နယ်ရှိ လက်ဖက်
တောင်သူ မိသားစုအသိုင်းအဝိုင်းတို့မှ ပလောင်အမျိုးသမီးပျိုများ ဖြစ်ကြပါသည်။
တကယ် ပတ်သက်သူနှင့် ပတ်သက်သည်ဟုယူဆရသူ ၁၁ဝ ဦးပါဝင်သည့် ဖြစ်စဉ် ၇၂ ခုကို ပလောင်အမျိုးသမီးအစည်းအရုံး
မှ ကောက်ခံစုဆောင်းခဲ့ပါသည်။ ထိုလူကုန်ကူးမှုဖြစ်စဉ်အများစုမှာ နမ့်ခမ်း၊ နမ့်ဆန်နှင့် မန်တုန် မြို့နယ်ရှိ လက်ဖက်
တောင်သူ မိသားစုအသိုင်းအဝိုင်းတို့မှ ပလောင်အမျိုးသမီးပျိုများ ဖြစ်ကြပါသည်။
PWO သုတေသနပြုခဲ့သည့် အချက်အလက်များအရ လူကုန်ကူးခြင်းခံခဲ့ရသောအမျိုးသမီးများ၏ နေရပ်ကျေးရွာများရှိ
လူဦးရေ ၄၁ ရာခိုင်နှုန်းအထက်မှာ အခြားနေရာဒေသများသို့ ထွက်ခွာအလုပ်လုပ်ကြသည်ကို တွေ့ရှိရသည်။ အပစ်
အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် ၁၉၉၁ ခုနှစ်မှစတင်၍ ပလောင်ဒေသကို အုပ်ချုပ်ခဲ့သည့် ပလောင်ပြည်နယ်လွတ်မြောက်
ရေးတပ်မတော် အနေဖြင့် ၂ဝဝ၅ ခုနှစ်တွင် လက်နက်အပ်ခဲ့သည့်နောက်ပိုင်းတွင် ပလောင်ဒေသရှိ ပြည်သူများ
အခြားဒေသသို့ရွှေ့ပြောင်းအလုပ်ရှာသည့်ပမာဏစတင်ကြီးမားလာခဲ့သည်။လက်နက်အပ်ပြီးသည့်နောက်
ပလောင်ဒေသကို ထိန်းချုပ်ထားသည့် မြန်မာစစ်တပ်ဖွဲ့များနှင့် လက်အောက်ခံပြည်သူ့စစ်များက စိုက်ပျိုးရေးနှင့်
ကူသန်းရောင်းဝယ်ရေးတို့အပေါ် အခွန်နှုန်းထားများ ပိုမိုတိုးမြ‡င့်ကောက်ခံလာကြသည်။ ထို့အတူ မြန်မာပြည်မှ
တင်ပို့ရသည့် စားနပ်ရ္ခိာကုန်စျေးနှုန်းမြင့်မားလာခြင်း၊ ကျန်းမာရေး၊ ပညာရေးစရိတ်များတိုးမြ‡င့်လာခြင်း တို့
သည် လက်ဖက်တောင်သူများ စားဝတ်နေရေးအတွက် ရေရှည်ရှာဖွေလုပ်ကိုင်ရန် မဖြစ်နိုင်တော့သဖြင့် ဆက်လက်
ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒေသခံ လူငယ်များ တနယ်တကျေးသို့ ထွက်ခွာအလုပ်ရှာကြရပါသည်။ ထိုကဲ့သို့ ရွှေ့
ပြောင်းအလုပ်ရှာခြင်းသည် အမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ်များအား တရုတ်နိုင်ငံသို့ အဓိက တင်ပို့ကြသော
လူကုန်ကူးမှုများ ပိုမိုဖြစ်ပေါ်စေရန် ဦးတည် အချက်ပြနေပါသည်။
လူကုန်ကူးခံရသူအများစုမှာ တရုတ်ပြည်ရှိ စက်ရုံများ သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်အားခကောင်းသည့်
အလုပ်များရရှိမည်ဟူ၍ လှည့်ဖြားခေါ်ဆောင်ခံကြရသည်။ ဖြစ်စဉ် ၂၅ ရာခိုင်နှုန်းကျော်တွင် အမျိုးသမီးများမှာ တရုတ်
အမျိုးသားများနှင့် အတင်းအဓ္မလက်ထပ်ရသည့် အမှုများဖြစ်ပြီး ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ပွဲစားများမှာ ယွမ်ငွေ
၂၅ဝဝဝ (အမေရိကန်ဒေါ်လာ ၃၈ဝဝ ခန့်) ပွဲစားခရရှိကြသည်။ ၁ဝ ရာခိုင်နှုန်းခန့်မှာ လိင်ဖျော်ဖြေရေးတွင် ရောင်းစား
ခံကြရသည်။ အချို့မှာ မျော့စာအဖြစ် အစာကျွေးခြင်းခံရပြီး ဘဝအဆုံးသတ်ခဲ့ကြရသည်။ ယူနန်ပြည်နယ်တွင် အဓိက
ဖြစ်ပွားပြီး အချို့သူများမှာ ဝေးကွာလှသော အပေါ်ပိုင်းရှိ ရှန်ဒေါင်ဒေသများတွင် ဘဝဆုံးပါးခဲ့ကြရသည်။
အသက်ဆယ်နှစ်အောက်ကလေးငယ်များကို ရောင်းဝယ်သည့် ဖြစ်စဉ် ၁၁ ခုကိုလည်း ရင်နှစ်ဖွယ်ကြုံတွေ့ မေးမြန်းခဲ့ရပြီး
ထိုဖြစ်စဉ်များထဲမှ ၅ ခုမှာ တနှစ်အောက်ကလေးငယ်များဖြစ်သည်။ အများစုမှာ ယောကျာ်းလေးများဖြစ်သည်။ အချို့
ကလေးငယ်များမှာ ယင်းတို့၏နေအိမ်မှ လွယ်ကူစွာပင်ခိုးယူခြင်းခံကြရပြီး၊ အချို့မှာ အရက်(သို့) မူးယစ်ဆေးဝါး သုံးစွဲသူ
မိဘများကိုယ်တိုင် ရောင်းစားခဲ့ကြသည်။ ္စ္တဥ ၏ယခင်အစီရင်ခံစာများတွင် ထောက်ပြထားသည့်အတိုင်း မြန်မာ စစ်
တပ်ဖွဲ့နှင့် ယင်းတို့၏ပြည်သူ့စစ်များ၏ ဘိန်းရောင်းဝယ်မှုများသည် ပလောင်ဒေသအတွင်း ဘိန်းစိုက်ပျိုးရောင်းဝယ်ခြင်း
များ ယခုနှစ်ပိုင်းအတွင်း ကြောက်ခမန်းလိလိတိုးများလာသည်ကို တွေ့ရသည်။ ထိုကြောင့် မူးယစ်ဆေးဝါး သုံးစွဲသည့်
ပလောင်အမျိုးသားဦးရေ တိုးများလာပြီး၊ မူးယစ်ဆေးဝါးဝယ်ရန်အတွက် ယင်းတို့ပိုင်ဆိုင်သည့်ပ္စည်းများသာမက
သား သမီးများကိုပင် ရောင်းစားလာကြသည်။
လွန်ခဲ့သည့်နှစ်များစွာကတည်းက တရုတ်အမျိုးသားများနှင့်အတင်းအဓ္မလက်ထပ်ခံရခြင်းမှ ထွက်ပြေးလွတ်မြောက်
လာသူ လူကုန်ကူးခံရသည့်ဖြစ်စဉ် ၁၁ ခုသာတွေ့ရသည်။ မိသားစုဝင်များမှာ လူကုန်ကူးခံရသူများလွတ်မြောက်
နိုင်ရန်အတွက် ထိရောက်မှုမရှိသည့် ဒေသခံ မြန်မာအာဏာပိုင်များ၊ လူမှုအသင်းအဖွဲ့များထံမှ အကူအညီတောင်းခံ
ခဲ့ကြသည်။ အချို့ လူကုန်ကူးသူများမှာ ဖမ်းဆီးခြင်း၊ ထောင်ချခြင်းခံကြရပြီး၊ လာဘ်ငွေထိုးခြင်း၊ ဒါဏ်ရိုက်ခြင်း
များပြုလုပ်ပြီး ပြန်လည် လွတ်မြောက်ခဲ့ကြသည်။
မြန်မာစစ်အုပ်စုတို့သည် ၂ဝဝ၅ ခုနှစ်ကတည်းက လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ ထုတ်ပြန်ခဲ့ပြီး၊ တရုတ်နယ်စပ်ရှိ
မူစယ်မြို့တွင်လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးအဖွဲ့ကိုဖွဲ့စည်းထားရှိခဲ့သည်။ သို့သော်လူကုန်ကူးမှုများဖြစ်
ပွားရသည့် အဓိကအရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုခြင်းကြောင့် လုပ်ငန်းထိရောက်မှုအနည်းငယ်သာရှိသည်။
ဒေါင်းလုဒ်လုပ်ရန်
- ထုတ်ဝေသူ: PWO
- ထုတ်ဝေသည့်ခုနှစ်: ၁၄ ရက် ဇွန်လ ၂ဝ၁၁
ဒေါင်းလုဒ်လုပ်ရန်:
- အစီရင်ခံစာ ရယူရန် (47 download)
လူ့အခွင့်အရေးဆိုင်ရာ သတင်းများ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ
- ကချင်ပြည်နယ်ရှိ တောတွင်းစစ်ပြေဒုက္ခသည်
- ရန်ကုန်မြို့ရှိ ကလေးအလုပ်မားတစ်ဦး
- ရန်ကုန်မြို့က မိန်းကလေးငယ် ကလေးအလုပ်သမားများ
- ရန်ကုန်မြို့က ကလေးအလုပ်သမားများ2
- ရန်ကုန်မြို့က ကလေးအလုပ်သမားများ
- ကချင်ပြည်နယ်တွင်း စစ်ရာဇဝတ်မှုများရှိမရှိ စုံစမ်းစစ်ဆေးမည်
- ကချင်ဒုက္ခသည်တွေအတွက် လူ့အခွင့်အရေးကော်မရှင် ညှိနှိုင်းပေး
- မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ မေတ္တာရပ်ခံ တင်ပြသည့် အိပ်ဖွင့်စာ
- အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းနွဲ့နှင့် အင်တာဗျူး
- မြန်မာလူ့အခွင့်အရေးတိုးတက်အောင် ဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း
- မြန်မာ့လူ့အခွင့်အရေးကော်မရှင် အကြောင်း အင်တာဗျူး