ခြံမြေများ အဓမသိမ်းပိုက်ခြင်း
အစီရင်ခံစာအကျဉ်းချုပ်
“ဂျပန်အစိုးရမှ မြန်မာအစိုးရကိုမေးသော မေးခွန်းနှစ်ခုမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ အဘယ် ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် အခွင့်အရေးများစံနစ်တကျချိုးဖောက်နေသည့်ပြဿနာများမှာ နိုင်ငံတကာ မိသားစုနှင့် နိုင်ငံတကာဥပဒေများ ၏စံနှုန်းတို့နှင့် ဆက်စပ်ပြဿနာရှိနေခြင်းကို ငြင်းဆို ထားပြီး၊ ထိုကဲ့သို့ပတ်သက်ခြင်းထက် ပြည်တွင်းဥပဒေများနှင့် အခြား စံချိန်မီဥပဒေတခုခုနှင့်သာ သက်ဆိုင် ဆက်စပ်ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက အºကင်းမဲ့ဝန်ခံထားခြင်းအပေါ် မေးခွန်းထုတ်ခဲ့ ခြင်းဖြစ်သည်။” (ဗ္မူဃ အာရှတရားဥပဒေအရင်းအမြစ်ဌာန ၏ ထုတ်ပြန်ချက်)
“ဂျပန်အစိုးရမှ မြန်မာအစိုးရကိုမေးသော မေးခွန်းနှစ်ခုမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ အဘယ် ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် အခွင့်အရေးများစံနစ်တကျချိုးဖောက်နေသည့်ပြဿနာများမှာ နိုင်ငံတကာ မိသားစုနှင့် နိုင်ငံတကာဥပဒေများ ၏စံနှုန်းတို့နှင့် ဆက်စပ်ပြဿနာရှိနေခြင်းကို ငြင်းဆို ထားပြီး၊ ထိုကဲ့သို့ပတ်သက်ခြင်းထက် ပြည်တွင်းဥပဒေများနှင့် အခြား စံချိန်မီဥပဒေတခုခုနှင့်သာ သက်ဆိုင် ဆက်စပ်ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက အºကင်းမဲ့ဝန်ခံထားခြင်းအပေါ် မေးခွန်းထုတ်ခဲ့ ခြင်းဖြစ်သည်။” (ဗ္မူဃ အာရှတရားဥပဒေအရင်းအမြစ်ဌာန ၏ ထုတ်ပြန်ချက်)
ဤအစီရင်ခံစာပါ လယ်ယာမြေသိမ်းဆည်းခံရသည့်မှတ်တမ်းများအရ မြန်မာစစ်အုပ်စုသည် မြန်မာပြည် တွင်း ဥပဒေများဖြစ်သည့် ပြည်သူပိုင်ပြုခြင်းအက်ဥပဒေ၊ လယ်ယာမြေရှာဖွေထိန်းသိမ်းရေး အက်ဥပဒေနှင့် “လေ့ထုံးတမ်းဥပဒေများကို စဉ်ဆက် မပျက်ချိုးဖောက်ယုံမျှမကပဲ နိုင်ငံတကာဥပဒေများဖြစ်သည့် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်စာတမ်း၊ အမျိုးသမီးများအားနည်းလမ်းပေါင်းစုံဖြင့် ခွဲခြားဖိနှိပ်မှု ပပျောက်ရေး ဆိုင်ရာသဘောတူညီမှုစာချုပ်၊ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူညီမှုစာချုပ်၊ စီးပွား ရေး ၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီမှုစာချုပ်နှင့် စိုက်ပျိုး မွေးမြူရေး ဆိုင်ရာကာကွယ်စောင့်ရှောက်ရမည့်သဘောတူညီမှုစာချုပ် အစရှိသည်တို့ကိုပါချိုးဖောက်နေလျှက်ရှိသည်။
ထိုကဲ့သို့ပြုလုပ်ခြင်းကြောင့် တောင်သူလုပ်သူများမှာ စိုက်ပျိုးမြေများ ဥပဒေမဲ့မတရားသိမ်းပိုက်ခံရပြီး အချို့မှာ သင့်မြတ်မျှတမှု မရှိသောလျှော်ကြေးငွေ ပမာဏအနည်းငယ်ကို လက်ခံရရှိကြပြီး၊ အချို့မှာ မည်သည့် လျှော်ကြေးငွေမျှ မရရှိပဲ လယ်ယာမြေ များသိမ်းယူခြင်းခံခဲ့ကြရသည်။ ထိုကဲ့သို့ သိမ်းပိုက်ခြင်း ခံခဲ့ရသော လယ်ယာမြေစာရင်းကို ယခုအစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ထို့ပြင် တောင်သူ လယ်သမားများနှင့် ဒေသခံပြည်သူတို့သည် လက်တွေ့ကျသောမည်သည့်အစားထိုးကုစားမှု သို့မဟုတ် ဖြေရှင်းချက်တစုံတရာမျှ စစ်တပ် (သို့) အစိုးရထံမှ မရရှိပဲ လယ်ယာမြေများ သိမ်းဆည်းခံခဲ့ ကြရသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် လက်ရှိအခြေအနေတွင် အစာရေဆာငတ်မွတ် ကျပ်တည်းခြင်းတို့အပြင် တနိုင်ငံလုံးအတိုင်းအတာရှိ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျစေမည့် အကြီးအကျယ်ဆိုးကျိုးသက် ရောက်သည်အထိ ဖြစ်ပေါ် ထင်ဟပ်လျှက်ရှိပါသည်။
အစီရင်ခံစာအတွက်သုသေတနပြုရာတွင် မိမိတို့၏ကွင်းဆင်းသတင်းကောက်ယူသူခြောက်ဦးက လယ်ယာ မြေ သိမ်းဆည်းခံရသည့် တောင်သူလယ်သမားနှင့် ဒေသခံပြည်သူငါးဆယ်ကျော်ကို လူတွေ့မေးမြန်း ခဲ့ပါသည်။ ထိုလူတွေ့မေးမြန်းမှုများမှ တအာင်းဒေသအတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခံရသည့် ဆိုးကျိုး သက်ရောက်မှု အချက်အလက်များကို စုဆောင်းကောက်ယူခဲ့ပါသည်။ လယ်ယာမြေမတရားသိမ်းဆည်း ခံရသူတောင်သူ မိသားစုတို့အား ယင်းတို့၏ခံစားမှုများနှင့် လယ်ယာများ မည်ကဲ့သို့ သိမ်းယူခံခဲ့ရသည် ကို ထုတ်ဖော်ပြောဆိုနိုင်ရန်အခွင့်အလမ်း ဖန်တီးပေးခြင်းလည်းဖြစ်ခဲ့ပါသည်။ လူတွေ့မေးမြန်းခံရသူများ သည် တအာင်းဒေသနှင့် မြန်မာပြည်တနှံတလျားရှိ လယ်ယာမြေသိမ်းဆည်းခံရသူများကို တစိပ်တပိုင်း ကိုယ်စားပြု ဖွင့်ဆိုပြောကြားခဲ့ကြ ပါသည်။
သိမ်းဆည်းခံခဲ့ရသောလယ်ယာမြေများမှာ စစ်တပ်အတွက် စစ်သင်တန်းနယ်မြေများ၊ စစ်တပ် အိမ်ယာမြေ များအဖြစ် အသုံးပြုလျှက်ရှိပြီး အချို့မှာစစ်တပ်အတွက်အပိုဆောင်းဝင်ငွေရရှိစေရန် ထပ်ဆင့်ရောင်းချ ခဲ့ကြသည်။ ဒေသတွင်းစစ်တပ်များတိုးချဲ့ တည်ဆောက်ရန် စစ်တပ်ပိုင် တပ်နယ်မြေများအလို့ငှာ ဒေသခံ များပိုင်းဆိုင်သည့် လယ်ယာမြေများကို စစ်မိန့်ဖြင့် အတင်းအဓမ္မ သိမ်းပိုက်ခဲ့ကြသည်ကို လစ်လျူရှုခဲ့ခြင်း ကြောင့် ၁၉၉၇ ခုနှစ်မှစတင်၍ ထိုကဲ့သို့သောချိုးဖောက်မှုများမှာ ပိုမိုကျယ်ပြန့် တိုးများလာသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဖော်ထုတ်ရန် သဘာဝ သယံဇာတ များထုတ်ယူသုံးစွဲပြီး ဖွံ့ဖြိုးရေးစီမံချက်များ ပြုလုပ်ရန်အတွက်လည်း လယ်ယာမြေ မြောက်များစွာ သိမ်းဆည်းခဲ့ကြသည်။ ဥပမာ ရွှေလီရေကာတာ နှင့်ရေအားလျှပ်စစ် စီမံကိန်း၊ ရွှေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းစီမံချက်တို့အတွက် စစ်တပ်စခန်းများ တိုးချဲ့ တည်ဆောက်ရန်၊ ဖွံ့ဖြိုးရေးအတွက် လမ်းများတိုးချဲ့ရန်နှင့် စီမံကိန်းဖော်ဆောင်ရန်တို့အတွက် လယ်ယာ မြေ ပမာဏကြီးမားစွာ သိမ်းပိုက်ခဲ့ကြသည်။
မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုခဲ့ပါက ယခုစီမံကိန်းများကို ကြိုဆိုကြမည်ဖြစ်သော်လည်း ဒေသခံပြည်သူအများ မည်သည့်အကျိုးကျေးဇူးမျှခံစားရခြင်း မရှိပေ။ တအာင်းလူမျိုးအများစုမှာ လျှပ်စစ် ဓါတ်အားမရရှိကြဘဲ ကိုယ်ထူကိုယ်ထ အိမ်သုံးရေအားလျှပ်စစ်ငယ်များ ပြုလုပ်အသုံးပြုနေကြရပါသည်။ မြို့ပြကြီးများတွင် လျှပ်စစ်ဓါတ်အား ရောက်ရှိသော်လည်း ဝန်ဆောင်ခမြင့်မားခြင်းကြောင့် သာမန်ပြည်သူ များ လက်လှမ်းမမှီနိုင်ကြပဲ အဆင့်မြင့် စစ်အရာရှိများကသာ အကျိုးခံစားရရှိကြသည်။ ဖွံ့ဖြိုးရေးစီမံချက် အများစုမှာ တရုတ်နိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံများအတွက်သာ အကျိုးကျေးဇူးရရှိစေပါသည်။
လယ်ယာမြေသိမ်းဆည်းခြင်း၏ ဆိုးကျိုးရလာဒ်တခုမှာ ဖွံ့ဖြိုးရေးစီမံချက်များတွင် လမ်းများဖောက်လုပ် ခြင်းနှင့် စီမံကိန်း ဆောက်လုပ်ရေးအတွက်မြေရှင်းလင်းခြင်းတို့တွင် ဒေသခံပြည်သူများကို အတင်းအဓမ္မ လုပ်အား ပေးခိုင်းစေ အသုံးပြုခြင်းဖြစ်သည်။ လယ်ယာမြေသိမ်းခံရသော တောင်သူများမှာ လယ်ယာမြေ များ အဓမ္မ သိမ်းပိုက်ခံရသည့်အပြင် မိမိတို့၏ အသက်မွေးဝမ်းကျောင်းကို ဖျက်ဆီးလိုက်သူများအတွက် အတင်း အဓမ္မ လုပ်အားပေးခိုင်းစေခြင်းခံကြရသည်မှာ တပူပေါ် နှစ်ပူဆင့်ပိုမို ခံစားစေ သကဲ့သို့ဖြစ်ခဲ့ကြ ရသည်။ အသက်မွေး ဝမ်းကျောင်းရေးအတွက် အဓိကအားထားရာ လယ်မြေများသိမ်းဆည်းပြီး လုံလောက်မျှတသည့် လျှော်ကြေးငွေမပေးခြင်းတို့ကြောင့် တောင်သူများ ဝင်ငွေလျော့နည်းပျက်ဆီးသွား ကြကာ စားဝတ်နေရေး ဖူလုံရန်၊ ပညာရေးနှင့်ကျန်းမာရေးများ လက်လှမ်းမှီနိုင်ရန် ခြိမ်းချောက်မှုများ ဖြစ်ပေါ်စေပါသည်။ ဤကဲ့သို့ လူ့အခွင့် အရေးချိုးဖောက်ခြင်းသည် အိုင်အယ်အို-အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နှင့် ပစ္စည်းဥစ္စာဆိုင်ရာ အခွင့်အရေး တို့အပေါ်ကတိပြုထားသည့် အစိုးရ၏ သဘောတူညီချက်များကို ချိုးဖောက်လိုက်သည့်အပြင် တောင်သူများ၏ ပုံမှန်ဝင်ငွေများ ဆုံးရှူံးစေခြင်း တို့ကြောင့် ဖူလုံသည့်လူနေမှုအဆင့်အတန်းရရှိစေမည့် အခွင့်အရေးတို့ကိုလည်း ဆန့်ကျင်ချိုးဖောက် လျှက်ရှိသည်။
မိမိတို့ သုတေသနပြုချက်အရ တအာင်းဒေသတွင် လယ်ယာမြေသိမ်းဆည်းခြင်းများ ၂၀ဝ၀ ခုနှစ်မှစတင်၍ တိုးများလာသည်။ ၂၀ဝ၀ နှင့် ၂၀၁၁ ခုနှစ်ကာလအတွင်း လက်ဖက်ခြံမြေများ ဧကပေါင်း မြောက်များစွာ သိမ်းယူခံခဲ့ရပြီး ထိုအထဲမှ စုစုပေါင်း၄၂၉၄၀-ဧကခန့် မိမိတို့ ကောက်ခံရရှိခဲ့ပါသည်။ ထိုကဲ့သို့ လယ်ယာမြေသိမ်းဆည်းမှု၏နောက်ဆက်တွဲဆိုးကျိုးကို တအာင်းလူထုတို့က ပေးဆပ်နေကြရပြီး ဘိုးစဉ် ဘောင်ဆက်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော ရိုးရာအမွေခြံမြေများကို စစ်တပ်မိသားစု အစဉ်အဆက်ပိုင် လယ်ယာ မြေများအဖြစ် အဓမ္မသိမ်းပိုက်ခံရသောကြောင့် ယခုအချိန်တွင် နောင်လာနောက်သားများ စိုက်ပျိုးရန် လယ်ယာမြေ များမရှိတော့ချေ။ လယ်ယာမြေများ မတရားသိမ်းယူခံရပြီး နှင်ထုတ်ခံရသဖြင့် မိသားစု ပေါင်းမြောက်များစွာမှာ လက်ဖက်ခြံမြေများသိမ်းယူခံရယုံတင်မကပဲ နေအိမ်ခြံမြေများပါ ကြမ်းတမ်း ရက်စက်စွာ ရုတ်တရက် လုယူသိမ်းပိုက်ခံခဲ့ရသဖြင့် စီးပွားရေး ကျပ်တည်းကာ စားရမဲ့ သောက်ရမဲ့၊ ခိုကိုး ရာမဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ကြရပြီး တနေ့လုပ် တနေ့စားဘဝမျိုးဖြင့် တောများတွင်သာ ခိုအောင်းမှီခိုနေကြသည့် မိသားစုများပင်ရှိနေသည်ကို အခြေအနေဆိုးရွားစွာ တွေ့ရှိရပါသည်။
ထိုအခြေအနေများကြောင့် လက်ဖက်ခြံမြေသိမ်းယူခံရသူများမှာ သားသမီးများကို ကျောင်းတက် ပညာ သင်ကြားရန် ဆက်လက် ထောက်ပံ့နိုင်ခြင်းမပြုနိုင်ကြတော့သဖြင့် ကျောင်းမှနုတ်ထွက်စေခဲ့ရပါသည်။ ထိုသားသမီးများပညာသင်ယူခြင်း ရပ်ဆိုင်းခံရပြီးနောက် မိသားစုစားဝတ်နေရေးအတွက် လိုအပ်သော ဝင်ငွေများရရှိရန် အလုပ်လုပ်ကူညီကြရပါသည်။ လယ်ယာခြံမြေများ မတရားသိမ်းယူခံရသူ အချို့သူ တို့မှာ ေºကးမှီများစွာတင်ရှိနေသဖြင့် မိမိတို့နေရပ်ကျေးရွာမှစွန့်ခွာကာ တရုတ်၊ ထိုင်းနိုင်ငံနှင့် အခြားဒေသ များသို့ ရွေ့ပြောင်းအလုပ်သမားအဖြစ် မိသားစုအတွက်ဝင်ငွေရှာကြရပါသည်။ တအာင်းဒေသတွင် ထိုကဲ့သို့ ရွေ့ပြောင်းအလုပ်လုပ်သူများ များပြားလာပြီး လူငယ်အများစုမှာ ရွေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်း သစ်များအကြား လူကုန်ကူးခံရခြင်း၊ ဆင်းရဲနိမ့်ကျသောလုပ်ငန်းခွင်များအတွင်း အလုပ် လုပ်ရခြင်းတို့ဖြင့် အလုပ်ရရှိရန်အခွင့်အလမ်းသစ်များရှာဖွေရင်း ပြဿနာအသစ်များနှင့်ရင်ဆိုင် နေကြရ ပါသည်။
လက်ဖက်ခြံမြေယာများ အတင်းအဓမ္မသိမ်းယူခြင်းကြောင့် တိုက်ရိုက်အကျိုးသက်ရောက် ခံစားနေကြရ သော ဒေသခံတအာင်း လူထုတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မီးမောင်းထိုးတင်ပြနိုင်ရန် ယခု အစီရင်ခံစာ တွင်ကြိုးပမ်းအားထုတ်ထားပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှဒီမိုကရက်တစ် အသွင်ပြောင်း အစိုးရအာဏာရ ရှိလာသော်လည်း ယင်းတို့၏ပေါ်လစီများ ပြောင်းလဲ ခြင်းမရှိသေးချေ။ အစိုးရအနေဖြင့် လယ်ယာမြေ ဥပဒေများနှင့် ပေါ်လစီများကို ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်မချင်း လက်ဖက်တောင်သူနှင့် ဒေသခံပြည်သူများမှာ လယ်ယာမြေအသိမ်းပိုက်ခံ ဒုက္ခသည်များအဖြစ်ဆက်လက်ချိုးဖောက်ခံနေကြ ရမည်ဖြစ်သည်။ အာဏာ လက်ဝယ်ရှိသူ တသီးပုဂ္ဂလအတွက်သာအကျိုးဖြစ်ထွန်းစေပြီး မြန်မာပြည်သူ လူထု တို့အတွက် မည်သည့် အကျိုးကျေးဇူးမျှမရရှိချေ။ မြန်မာပြည်သူလူထုတို့၏ လူမှုဘဝဖူလုံရေး အတွက် တာဝန်ယူလုပ်ဆောင် သင့်ပါသည်။
တိုက်တွန်းအကြံပြုချက်များ
မြန်မာအစိုးရ အနေဖြင့် -
၁)တအာင်းဒေသတွင် လယ်ယာခြံမြေသိမ်းယူခြင်းနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေခြင်း များ ကိုရပ်တန့်ရန်။
၂)သိမ်းယူသွားသည့်ခြံမြေများအတွက် လက်ဖက်တောင်သူနှင့်လယ်သမားများအား သင့်တင့် မျှတသည့် နစ်နာ ကြေးများ ပေးဆပ်ရန်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်။
၃)ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတခုအနေဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ တာဝန် ဝတ္တရားများကို လေးစားလိုက်နာရန်နှင့် မြန်မာ့မြေယာဥပဒေကို ရှင်းလင်းပြီး ဥပဒေတွင်းပဋိပက္ခ မရှိစေ ရန်အတွက် ပြန်လည်သုံးသပ် ပြင်ဆင်ရန်။
၄)လူမှုအသိုင်းအဝိုင်းအပေါ်တိုက်ရိုက် ဆိုးကျိုးသက်ရောက်စေမည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင် အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ပွင့်လင်း မြင်သာမှု ကျင့်သုံးခြင်းနှင့် ဒေသခံလူထု၏ ထင်မြင်ယူဆချက်များကို လက်ခံစဉ်းစားခြင်းများ ပြုလုပ်ရန်-
လယ်ယာခြံမြေများသိမ်းယူရာတွင် ပါဝင်သည့် ကုမ္ပဏီများ အနေဖြင့်
(၌္က္စီယ ဗျငေ ္တသမိူ ဃသာစညေပ ူအိယ ံကညေနညါ ူညေခညေ ္မငလနမ ံပိမသစသတနမ ဃသာစညေပ ူအိယ ဃသူနညခသ ္စသတနမ နညါငညနနမငညါ ူအိ (ဃ္စန) သ် ှတငအဖနမူညေိယ ဃ္ဒ္စဃယ ဃ့ငညေ ္မငေူတပျေ နညါငညနနမငညါ ဃသမစသမအေငသညယ မန်းမြင့်မိုရ်ဟိန်း ဃသ၏ ူအိယ ဖြူစင် ဃသ၏ ူအိယ နထခနူနညခန နညါငညနနမငညါ ဃသ၏ ူအိယ ချမ်းသာရွှေမြေ ကုမ္ပဏီနှင့် နဂါးပျံ ကုမ္ပဏီ)
၁) ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုများ၏ အခြေခံ အခွင့် အရေးများကို လေးစားလိုက်နာရန်။
၂) ဒေသတွင်းအခြေချနေထိုင်သည့် ပြည်သူလူထုများနှင့် ကြိုတင်ဆွေးနွေးမှု၊ သဘောတူညီချက် မရရှိသေးသည့် မည်သည့် ဖွံ့ဖြိုးရေးစီမံကိန်းကိုမဆို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုရန်။
၃) အခြားနိုင်ငံများတွင် လုပ်ငန်းများလုပ်ကိုင်စဉ် လိုအပ်သော တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုများအတိုင်း မိမိတို့၏ ကုမ္မဏီများတွင်ထားရှိဆောင်ရွက်ရန်။
တအာင်း(ပလောင်) အမျိုးသားပါတီ အနေဖြင့် -
၁) ဒီမိုကရေစီကိုယ်စားပြု အနှစ်သာရဖြင့် အချိန်ပေးနားထောင်အကြံဉာဏ်ယူခြင်း၊ လူမှုအသိုင်းအဝိုင်းကို အပြုသဘော ဆောင်သည့်ပြောင်းလဲမှုများအတွက် ဦးဆောင်တိုက်ပွဲဝင်ခြင်းတို့ဖြင့် ရွေးချယ်တင် မြေ‡ာက် ပေး ခဲ့သောပြည်သူလူထုများကို အမှန်တကယ် ကိုယ်စားပြုဆောင်ရွက်ရန်။
အာဆီယံ မိသားစုများအနေဖြင့် -
၁) မြန်မာပြည်တွင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမဖွင့်မချင်း၊ တရားဝင်အစိုးရ (ိန-ကြမန) အဖြစ် အသွင်မပြောင်းမချင်း အချိန်အထိ မြန်မာနိုင်ငံကို အာဆီယံ၏ ဥက္ကဋ္ဌ တာဝန် လက်သင့် ခံပေးအပ်ခြင်း မပြုရန်။
မြန်မာနိုင်ငံတွင် လှုပ်ရှားနေသော အစိုးရနှင့်မသက်ဆိုင်သည့်အသင်းအဖွဲ့များ အနေဖြင့် –
၁) အစိုးရနှင့်မသက်ဆိုင်သည့်အသင်းအဖွဲ့များအနေဖြင့် ရန်ကုန်နှင့်မြန်မာနိုင်ငံ အလယ်ပိုင်းတွင် သာမက ဘဲ တိုင်းရင်းသားဒေသများတွင် သွားရောက်ပြီး ကြိုးပမ်းလှုပ်ရှားဆောင်ရွက်ရန်။
၂) ္ဒွဥျ များအနေဖြင့် မြန်မာနိုင်ငံသားများ၏ အသိအမြင်များကို ဖွင့်ပေးပြီး နိုင်ငံတဝှမ်းလုံးတွင် လူ့အဖွဲ့အစည်းသစ် ဖြစ်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးရန်။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ နှင့် နိုင်ငံတကာမိသားစုတို့အနေဖြင့် -
၁) နိုင်ငံတကာဖိအားပေးမှုဖြင့် မြန်မာအစိုးရအား အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းကို လေးစားလိုက်နာ ရန်အတွက် ဆောင်ရွက်ပေးရန်။
၂) နိုင်ငံတကာမိသားစုများအနေဖြင့် မြန်မာပြည်သူလူထုတို့ခံစားနေရသည့် ရက်စက်ကြမ်းကြုတ် သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂမှအရေးယူဆောင်ရွက်ပေးရန်နှင့် လူ့အခွင့် အရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းကိုင်တွယ်ရေး တောင်းဆိုမှုအတွက် လယ်ယာခြံမြေသိမ်းပိုက်ခြင်း၊ ပစ္စည်းဥစ္စာသိမ်း ယူခြင်းနှင့် စပ်လျဉ်းပြီး ကူညီစည်းရုံးပေးရန်။
၃)မြန်မာပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးစုများအား လူသားချင်းစာနာသည့် တိုက်ရိုက် ကူညီပံ့ပိုးမှု များ မိုပိုတိုးမြ‡င့်ရန် အပါအဝင် ခြံမြေသိမ်းယူခံရသူများ ကြုံတွေ့နေရသည့် ပြဿနာများကို ကျော်လွှား နိုင်ရန်နှင့် ထိုပြဿနာများကို ကိုင်တွယ် ဖြေရှင်းနိုင်သည့် စွမ်းရည်များ မြ‡င့်တင်ကူညီ ထောက်ပံ့ရန် ။
တအာင်း(ပလောင်) လူမှုအသိုင်းအဝိုင်းများ အနေဖြင့် -
၁) သိမ်းဆည်းခံရသည့်ခြံမြေများနှင့်ပစ္စည်းဥစ္စာများ ပြန်လည်ရရှိရေးအတွက် ဥပဒေရေးရာ ကူညီ ထောက်ပံ့မှု များရယူကာ အတူတကွပူးပေါင်းဆောင်ရွက်ကြရန်။
၂) မိမိတို့လူမှုအသိုင်းအဝိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရပ်တန့်နိုင်ရန်အတွက် တိတ်ဆိတ်ငြိမ် သက်ခြင်းမပြုဘဲ၊ ဖွင့်ဟထုတ်ဖော်ပြောဆိုပြီး မိမိအခွင့်အရေးများကို မိမိတို့ကိုယ်တိုင်ကာကွယ်ကြရန်။
ဒေါင်းလုဒ်လုပ်ရန်
- ထုတ်ဝေသူ: တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး TSYO မှထုတ်ဝေသည်။
- ထုတ်ဝေသည့်ခုနှစ်: နိုဝင်ဘာလ ၂၀၁၁ ခုနှစ်
ဒေါင်းလုဒ်လုပ်ရန်:
- download report (13 download)
လူ့အခွင့်အရေးဆိုင်ရာ သတင်းများ
- ကချင်ပြည်နယ်တွင်း စစ်ရာဇဝတ်မှုများရှိမရှိ စုံစမ်းစစ်ဆေးမည်
- ကချင်ဒုက္ခသည်တွေအတွက် လူ့အခွင့်အရေးကော်မရှင် ညှိနှိုင်းပေး
- မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ မေတ္တာရပ်ခံ တင်ပြသည့် အိပ်ဖွင့်စာ
- အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းနွဲ့နှင့် အင်တာဗျူး
- မြန်မာလူ့အခွင့်အရေးတိုးတက်အောင် ဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း
- မြန်မာ့လူ့အခွင့်အရေးကော်မရှင် အကြောင်း အင်တာဗျူး
- သေဒဏ်ကျ ကလေးစစ်သားဟောင်း လွတ်မြောက်
- လူ့အခွင့်အရေး မတိုးတက်လို့ ကင်တားနားပြော
- စစ်ရာဇဝတ် ကျူးလွန်တယ်လို့ စစ်ထောက်လှမ်းရေးဟောင်း ဝန်ခံ
- ခရိုအေးရှား ဗိုလ်ချုပ်ကြီးကို ၂၄ နှစ် ပြစ်ဒဏ်ပေး
- နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာ ပိတ်ပင်ခံရမှု များလာ
- လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာဖို့ ပိတ်ဆို့မှု ဆက်ထားရှိမည်
- မွန်ပြည်နယ် လွှတ်တော်သဘာပတိသစ် မြေသိမ်း
- ချောဆွဲခံကားများ ပြန်ရန် သုံးဆူကားသမားများထံ ငွေကောက်ခံ
- မြန်မာ့လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် ဖွဲ့ရန် ဘယ်လ်ဂျီယမ် ထောက်ခံ