ပြောင်းလဲခြင်းအတွက် အသံများ
ဤအစရီ ငခ် စံ ာတငွ ်အမိ တ် ငွ း် အကြမး် ဖကမ် နှု ငှ ့်လငိ က် ြွဲ ပားမအှု ပေါ်အခြေခသံ ည့်ခြွဲ ခားဆကဆ် မံ ှု များကြောင့် ပလောင်ဒေသရှိ အမျိုးသမီးများအနေဖြင့် မည်ကဲ့သို့ ဆိုးရွားစွာထိခိုက်ခံစားနေရသည် ကို စုစည်းတင်ပြထားပါသည်။ ္စ္တဥ ကောက်ခံခဲ့သော စစ်တမ်းရလာဒ်များတွင် စစ်တမ်းဖြေကြား သူများအားလုံးနီးပါးမှာ ယင်းတို့၏ အသိုင်းအဝိုင်းမိသားစုအတွင်း၌ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု များကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရ (သို့မဟုတ်) မြင်ခဲ့ကြရပြီး၊ က္စိရပ်အတော်များများတွင် နေ့စဉ်နီးပါး ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အကြိမ်ရေများစွာဖြစ်ပေါ်နေသည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိရပါသည်။ ္စ္တဥ သုတေသနပြုချက်အရ ပလောင် ဒေသတွင် လိင်ကွဲပြားမှု အပေါ်အခြေခံသည့်ခွဲခြားဆက်ဆံမှု ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရပြီး၊ အမျိုးသမီးများသည် အိမ်မှုက္စိရပ်များကိုသာဖြည့်ဆည်းထိန်းသိမ်းရ မည်၊ ကလေးငယ်များကို ထိန်းကျောင်းစောင့်ရှောက်သည့်တာဝန်ရှိသည် ဟူသော ရှေးထုံးတမ်းစဉ်လာ လိင်ကွဲပြားမှုပုံစံခွက်များကို လိုက်နာလိုသည့်သဘောထားရှိသူ များစွာရှိသည်ကို တွေ့မြင်ရပါသည်။
အာဏာရှင်စစ်အုပ်စု ကျောထောက်နောက်ခံ မြန်မာအစိုးရသည် ဃနီဗ္တ တွင် ထားရှိခဲ့သည့် ကတိကဝတ်ကို ထိန်းသိမ်း လုပ်ဆောင်ရမည့် အမျိုးသမီးအခွင့်အရေးနှင့် ကျားမတန်းတူရေး တို့ကို ထိရောက်စွာမြ‡င့်တင်ရန် ၂၀၁၀ ရွေးကောက်ပွဲ ကတည်းကပင် ပျက်ကွက်ခဲ့သည်။ အိမ်တွင်းအကြမ်းဖက်မှု ကို ပြစ်မှုဆိုင်ရာဥပဒေအဖြစ် သီးသန့်ပြဌာန်းခြင်းမရှိသေးသည့် အာဆီယံနိုင်ငံများအနက် နှစ်နိုင်ငံ သာ ကျန်ရှိရာ ထိုအထဲတွင် မြန်မာနိုင်ငံပါဝင်လျှက်ရှိသည်။ ္စ္တဥ သုတေသနပြုချက်အရ ရှမ်းပြည် မြောက်ပိုင်း ပလောင်လူမျိုးများ အများစုနေထိုင်ရာဒေသများတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် အမျိုးသမီး အခွင့်အရေးတို့နှင့်ပတ်သက်သည့် အသိပညာ စွမ်းရည်မြ‡င့်တင်သည့် အစိုးရဦးဆောင်သောလုပ်ငန်းစီမံ ကိန်းများမရှိပါဟု ဖော်ပြထားသည်။
ပလောင်ဒေသအတွင်းတွင် ဖြစ်ပွားနေသော အိမ်တွင်းအကြမ်းဖက်မှုများကို ထပ်ဆင့်တိုးပွား စေမည့် စီးပွားရေး၊ လူမှုရေးအကျပ်အတည်းများကို အစိုးရသစ်မှ ကိုင်တွယ်ဖြေရှင်းခြင်းမျိုးများ မတွေ့ရှိ ရသေးပေ။ အစိုးရမှ လက်ဖက်စက်ရုံများကို ချုပ်ကိုင်ချယ်လှယ်ခြင်းရလာဒ်ကြောင့် ပလောင်ပြည်သူ လူထုများမှာ စီးပွားရေးဖိစီးမှု ဒါဏ်ကိုခံနေကြရပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကတည်းက ပလောင်ဒေသတွင် ဘိန်းစိုက်ပျိုးရေး နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုများလည်း တိုးများလျှက်ရှိသည်။ အမျိုးသားများသည် ယင်းတို့၏ ကျပ်တည်းမှု အခြေအနေများကို မကျေမနပ်ဖြစ်ပြီး ဒေါသထွက်ပေါက်အဖြစ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု များ အဖြစ် လုပ်ဆောင်တတ်ကြသဖြင့် ထိုအချင်းအရာများသည် အိမ်တွင်းအကြမ်းဖက်မှုပြ±နာများ တိုက်ရိုက်ဖြစ်ပေါ်စေပါသည်။
မြန်မာနိုင်ငံတွင် အမျိုးသားကြီးစိုးလွှမ်းမိုးထိန်းချုပ်သည့် ဓလေ့ယဉ်ကျေးမှု၊ အကြောက်တရား နှင့် အကြမ်းဖက်မှုတို့ကို ဆယ်စုနှစ် ငါးစုကျော်ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်မီးက ပေါက်ပွားစေခဲ့ ပါသည်။ ပလောင်လူထုရှိ အထူးသဖြင့်အမျိုးသားများမှာ ဤယဉ်ကျေးမှုနှင့်ယဉ်ပါးနေပြီး ယင်းတို့၏ မိန်းမများအပေါ် အာဏာပြသရန်အတွက် အကြမ်းဖက်ခြင်းများပြုလုပ်ရန် လိုအပ်သည်ဟု ရှုမြင်ကြ သည်။ ထိုနည်းတူစွာပင် တိုင်းရင်းသားလူမျိုးများကိုလည်း အကြမ်းဖက်ခြင်းဖြင့် မြန်မာအစိုးရက လုပ်ပိုင်ခွင့်အာဏာ ပြသလျှက်ရှိသည်။ မြန်မာအစိုးရသည် အကြမ်းဖက်သည့်ယဉ်ကျေးမှုကို အဆုံးသတ်
၅
ရန် ရည်ရွယ်ချက်ရှိဟန်မတူပဲ ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် ထိုးစစ်များဆက်လက် ကျူးလွန်နေပါသည်။
ဒေါင်းလုဒ်လုပ်ရန်
- ထုတ်ဝေသူ: ပလောင်အမျိုးသမီးအစည်းအရုံး
- ထုတ်ဝေသည့်ခုနှစ်: ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်
ဒေါင်းလုဒ်လုပ်ရန်:
- အစီရင်ခံစာရယူရန် (12 download)
လူ့အခွင့်အရေးဆိုင်ရာ သတင်းများ
- ကချင်ပြည်နယ်တွင်း စစ်ရာဇဝတ်မှုများရှိမရှိ စုံစမ်းစစ်ဆေးမည်
- ကချင်ဒုက္ခသည်တွေအတွက် လူ့အခွင့်အရေးကော်မရှင် ညှိနှိုင်းပေး
- မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ မေတ္တာရပ်ခံ တင်ပြသည့် အိပ်ဖွင့်စာ
- အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းနွဲ့နှင့် အင်တာဗျူး
- မြန်မာလူ့အခွင့်အရေးတိုးတက်အောင် ဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း
- မြန်မာ့လူ့အခွင့်အရေးကော်မရှင် အကြောင်း အင်တာဗျူး
- သေဒဏ်ကျ ကလေးစစ်သားဟောင်း လွတ်မြောက်
- လူ့အခွင့်အရေး မတိုးတက်လို့ ကင်တားနားပြော
- စစ်ရာဇဝတ် ကျူးလွန်တယ်လို့ စစ်ထောက်လှမ်းရေးဟောင်း ဝန်ခံ
- ခရိုအေးရှား ဗိုလ်ချုပ်ကြီးကို ၂၄ နှစ် ပြစ်ဒဏ်ပေး
- နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာ ပိတ်ပင်ခံရမှု များလာ
- လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာဖို့ ပိတ်ဆို့မှု ဆက်ထားရှိမည်
- မွန်ပြည်နယ် လွှတ်တော်သဘာပတိသစ် မြေသိမ်း
- ချောဆွဲခံကားများ ပြန်ရန် သုံးဆူကားသမားများထံ ငွေကောက်ခံ
- မြန်မာ့လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် ဖွဲ့ရန် ဘယ်လ်ဂျီယမ် ထောက်ခံ