အင်္ဂါနေ့, မေလ 15, 2012

လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ နှင့် မြန်မာ့ ရွေးကောက်ပွဲ (၂၀၁၀)

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် ၏ အစီရင်ခံစာ

 

(၁၉၈၈) ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် စစ်အာဏာသိမ်းပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ (နဝတ) သည် (၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုဖျက်သိမ်း၍ စစ်အုပ်ချုပ်ရေးဖြင့် စတင်အုပ်ချုပ်ခဲ့သည်။  (၁၉၉၀) ခုနှစ် မေလ (၂၇) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို အာဏာပိုင်များမှ ကျင်းပ ပြုလုပ်ပေးခဲ့သည်။

ရွေးကောက် တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ ပေးမည်ဆိုခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် တာဝန်ရှိသည်ဆိုခြင်းကို ၁/၉၀ ဖြင့် နဝတမှ ကတိကဝတ်ပြုခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုမြန်မာ နိုင်ငံအစိုးရ တရားဝင်ပြန်တမ်းတွင် ထည့်သွင်း ဖော်ပြခဲ့သည်မှ လွဲ၍ လွှတ်တော် ခေါ်ယူပေးခြင်း အလျဉ်းမရှိခဲ့ပေ။

ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပရေး လုပ်ငန်းစဉ်ကို တိုက်ဖျက်ရန်နှင့် တိုင်းပြည်ကို စစ်အာဏာရှင် စနစ်ဖြင့် တရားဝင် ဆက်လက် အုပ်ချုပ်ခွင့်ရရန် စသည့်ရည်မှန်းချက် များဖြင့် “အမျိုးသားညီလာခံ” ကို (၁၉၉၃) ခုနှစ် ဇန်နဝါရီလ (၉) ရက်တွင်စတင် ခေါ်ယူကျင်းပခဲ့သည်။ အမျိုးသားညီလာခံ၏ လုပ်ထုံးလုပ်နည်းများသည် ဒီမိုက ရေစီနည်းလမ်းမကျသဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်မှုများလုပ်ဆောင်ရန် တင်ပြ ချက်များကို အာဏာပိုင်များဘက်မှ ပျက်ကွက်ခဲ့ခြင်း ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  တို့က ညီလာခံမှ သပိတ်မှောက် ထွက်ခွာခဲ့ကြသည်။ အမျိုးသားညီလာခံကို ဆန့်ကျင်ဝေဖန်မှုများ အား အရေးယူနိုင်ရန်အတွက် ဥပဒေအမှတ် (၅ /၉၆) ကို ထုတ်ပြန်ခဲ့သည်။

 

အပြည့်အစုံဖတ်ရန် ဒေါင်းလုဒ် ရယူပါ။

ဒေါင်းလုဒ်လုပ်ရန်

  • ထုတ်ဝေသူ: HRDP
  • ထုတ်ဝေသည့်ခုနှစ်: December 2010

အခွန်မျိုးစုံကြားကမြန်မာပြည်သားတွေ

ဘီဘီစီ မြန်မာပိုင်း အပတ်စဉ် စီးပွားရေး သုံးသပ်ချက် ကဏ္ဍတွင် "အခွန်မျိုးစုံကြားက မြန်မာပြည်သားတွေ" ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) မှ ကိုဟန်ကြီးနှင့် ဉီးဟန်ထွန်း (အခွန်) တို့ ဆွေးနွေးချက် အား ပြန်လည် ဖော်ပြလိုက်ပါသည်။ အောက်တွင် နားဆင်နိုင်ပါသည်။

JavaScript is disabled!
To display this content, you need a JavaScript capable browser.

ဗွီအိုအေ တီဗွီသတင်း

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org