ကြာသပတေးနေ့, မေလ 17, 2012

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)က ပြုစုရေးသားထုတေ်၀သော ယခု အစီရင်ခံစာသည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော
လူ့အခွင့်အရေး အခြေအနေများကို မှတ်တမ်းတင်ထားသည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ကာလအပိုင်းအခြားအလိုက် ထုတေ်၀သော အစီရင်ခံစာများသည် နောက်ဆုံးရ
လူ့အခွင့်အရေး ချိုးဖောက်မှုများ သတင်းအချက်အလက်များနှင့် တိုင်းပြည်အတွင်းဖြစ်ပေါ်နေသော အရေးကြီးသည့် ကိစ္စရပ်များနှင့် ဖြစ်နိုင်ချေလားရာများကို ထောက်ပြထားသည်။
လူ့အခွင့်အရေးချိုး ဖောက်မှုအမျိုးအစား ၁၆ ခုနှင့်အညီ၁ သတင်းအချက် အလက်များကို မြန်မာနိုင်ငံအ၀ှမ်း ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် မှတ်တမ်းတင်ကောက်ယူခဲ့သည်။
ယခုအစီရင်ခံစာကာလအတွင်း နိုင်ငံရေးစင်မြင့်တွင် အပြုသဘောဆောင်သောပြုပြင် ပြောင်းလဲမှု လက္ခဏာရပ်များ ပေါ်ထွက်လာခဲ့သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည်သည် အစိုးဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်နှင့် လေးကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သလို သမ္မတ ဦးသိန်းစိန်နှင့်လည်း တကြိမ်တွေ့ ဆုံခဲ့ပြီးဖြစ်သည်။ အကျဉ်းသား ခြောက်ထောင်ကျော် လွှတ်
ပေး သော လွတ်ငြိမ်းချမ်းသွာခွင့်တွင် နိုင်ငံရေး အကျဉ်းသားဦးရေ ၂၀၀ ကျော်ပါရှိခဲ့သည်။ လွတ် လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအသစ်တခု အား တင်သွင်းခဲ့သလို မီဒီယာကန့်
သတ်ချက်တချို့ကို လျော့ပေါ့ပေးခဲ့သည်။ အစိုးရသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်အား ဖွဲ့စည်းပေးခဲ့ပြီး၊ အရေးကြီးဆုံးကိစ္စရပ်တခုအဖြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းပရော
ဂျက်ကို ယာယီရပ်ဆိုင်းခဲ့သည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က အဆိုပါ ဖြစ်ထွန်းတိုးတက်မှုများကို အပြောင်းအလဲသို့ ဦးတည်စေသော ဖွံ့ဖြိုးတိုးတက်မှုများအဖြစ် လက်ခံကြိုဆိုသည်။ မြန်မာနိုင်ငံ၏
အကျဉ်းထောင်များ၊ မြို့များ၊ ကျေးရွာများ၊ ကျေးလက်ဒေသများအတွင် ဖြစ်ပေါ်နေသောအခြေ အနေများကို စောင့်ကြည့်လေ့လာနေသော လူ့အခွင့်အရေးအဖွဲ့အစည်းများ စုစည်းထားသည့် ကွန်
ရက်တခုဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့၏အဓိက လေ့လာချက်သည် ကျွန်ုပ်တို့လက်လှမ်းမှီသော ဒေသများအတွင်းရှိ လူ့အခွင့်အရေး အခြေအနေများ ဖြစ်သည်။ မြန်မာအစိုးရသည် တိုင်းပြည်
အတွင်း လူ့အခွင့်အရေးအခြေအနေများ တိုးတက်အောင် အထူးသဖြင့် တိုင်းရင်းသားဒေသများ အတွင်း လူ့အခွင့်အရေးအခြေအနေများ တိုးတက်လာစေရန် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေ
သည်ဟူ၍ အလျင်စလို မဆုံးဖြတ်မိစေရန်အတွက် ယခုအစီရင်ခံစာက အထောက်အကူပြုလိမ့် မည်ဖြစ်သည်။ ကျွုန်ုပ်တို့ ကွင်းဆင်းအချက်အလက်ကောက်သူများထံမှ ရရှိသော အစီရင်ခံစာပါ
သတင်းအချက်အလက်များသည် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော လူ့အခွင့်အရေး အခြေအနေအား သရုပ်ဖေါ်ပြသ သကဲ့သို့ ရန်ကုန်နှင့် နေပြည်တော် အတွင်းဖြစ်ထွန်းနေသော
ထိပ်ပိုင်း နိုင်ငံရေး ပြောင်းလဲမှုနှင့် သီးခြားကင်းလွတ်နေသော လူမှုအသိုင်း အ၀န်းများ၏လူ့အခွင့်အရေး အခြေအနေများကိုပါ မီးမောင်းထိုးပြသထားသည်။

ဒေါင်းလုဒ်လုပ်ရန်

  • ထုတ်ဝေသူ: လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)
  • ထုတ်ဝေသည့်ခုနှစ်: ၁၇ နို၀င်ဘာလ ၂၀၁၁။

အခွန်မျိုးစုံကြားကမြန်မာပြည်သားတွေ

ဘီဘီစီ မြန်မာပိုင်း အပတ်စဉ် စီးပွားရေး သုံးသပ်ချက် ကဏ္ဍတွင် "အခွန်မျိုးစုံကြားက မြန်မာပြည်သားတွေ" ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) မှ ကိုဟန်ကြီးနှင့် ဉီးဟန်ထွန်း (အခွန်) တို့ ဆွေးနွေးချက် အား ပြန်လည် ဖော်ပြလိုက်ပါသည်။ အောက်တွင် နားဆင်နိုင်ပါသည်။

JavaScript is disabled!
To display this content, you need a JavaScript capable browser.

ဗွီအိုအေ တီဗွီသတင်း

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org